11

375 61 3
                                    

Unicode (Zawgyi below)

Do Young's POV

ကျွန်တော် ရေချိုးပြီးပြန်ထွက်လာတော့ Mark ကိုမတွေ့ရ။

သူစောနလေးကတင်ကုတင်မှာထိုင်ပြီး မနက်ဖြန် show အတွက်အသံကျင့်မယ် သီချင်းစာသားကျင့်မယ်ဆိုပြီးကျွန်တော့်ကိုပြောသွားတာကိုကျွန်တော်ပြန်သတိရလိုက်တယ် သို့သော်သူက ကုတင်ပေါ်မှာရှိမနေဘူး

ကုတင်ဘေးကစားပွဲဟာ ကုတင်ရဲ့အလယ်ကိုရောက်နေပြီး Mark ရဲ့ဖုန်းကကုတင်ပေါ်မှာရှိနေတယ် သူ့ Headphone ကတော့ ကြမ်းပြင်ပေါ်မှာကျနေတယ်

Mark ဘာတွေဖြစ်သွားတာလဲ

အခန်းထဲကပစ္စည်းတွေကမူနည်းနည်းပျက်နေတာနဲ့ကျွန်တော့်ခေါင်းထဲကိုတန်းရောက်လာတာက Mark ဘယ်မှာလဲမဟုတ်ဘဲ Mark ဘာတွေဖြစ်သွားတာလဲဆိုတဲ့အတွေးပဲဖြစ်တယ်

သူဒီမှာမနေချင်ဘူးနဲ့တတွတ်တွတ်ညည်းနေတာကြာပြီ ဒါပေမဲ့ show ကိစ္စနဲ့သူသည်းခံပြီးနေနေတာ မနက်ဖြန် show ရှိတာကိုသူ့ကိုသူအန္တရာယ်ဖြစ်စေနိုင်တဲ့ကိစ္စတွေမလုပ်ဘူးဆိုတာကျွန်တော်ယုံတယ် ဘာလို့လဲဆိုတော့ Mark ကသူ့ရဲ့အလုပ်နဲ့ အလုပ်နဲ့ပတ်သက်သမျှအရာတိုင်းကိုအလေးထားတတ်သူမို့ဖြစ်တယ်

show ရှိပြီဆိုတာနဲ့သူ့အသံနာစေမယ့် လည်ချောင်းနာစေမယ့်အစားတွေရှောင်တတ်သလို ဘယ် show ကိုမဆိုသူအားတက်တရောနဲ့လက်ခံတယ် ဖိတ်ကြားတဲ့ငွေနည်းသည်ဖြစ်စေ များသည်ဖြစ်စေ သူ့ရဲ့ကြိုးစားမှုနဲ့ တီထွင်မှုတွေကို လူအများရှေ့ သူ့ပရိသတ်ရှေ့ကိုချပြရတာကိုကျေနပ်နေတတ်တဲ့သူတစ်ယောက်ဖြစ်တယ်

အရင်ကဆိုရင် beat အရမ်းကောင်းလို့ပျောက်ဖို့မပြောနဲ့ ပျက်မှာကိုတောင်စိုးရိမ်လွန်းလို့ တယုတယသိမ်းတတ်တဲ့ Headphone ကအခုတော့ကြမ်းပြင်မှာ။

"Mark!!"

ကျွန်တော်ခေါ်တော့ ပြန်ထူးသံကိုကြားရဖို့နေနေသာသာတစ်ခန်းလုံးကတိတ်ဆိတ်လို့နေတယ် ဘာတွေဖြစ်နေပြီလဲလို့ကျွန်တော့်ကိုကျွန်တော်အလန့်တကြားမေးနေမိပေမဲ့ Mark ကိုပိုစိတ်ပူနေမိတယ်

ဖွင့်ထားတဲ့ပြတင်းပေါက်တွေက ယူထားတဲ့အတိုင်းအတာကများပြီးကျယ်တော့ လေတဖြူးဖြူးတိုက်ပြီး အခန်းထဲမှာအေးစိမ့်လို့နေတယ် သို့သော်ကျွန်တော်ကတော့ရေချိုးပြီး ညရဲ့တိုက်ခတ်သောလေညှင်းတွေအောက်မှာ ချွေးပြန်နေတယ် မနက်ဖြန် show ရှိတာမို့ Mark တစ်ခုခုဖြစ်လို့မရဘူး

Lost in GlacierTahanan ng mga kuwento. Tumuklas ngayon