Chapter 1: ထွက်သွား လူလိမ်ကောင်

Start bij het begin
                                    

ဘာပဲဖြစ်ဖြစ် အခုလက်ရှိ အဲ့ဒီတိုက်ခန်းထဲမှာ တစ်ခြားမိန်းမတစ်ယောက် ရောက်နေတယ် ပြီးတော့ အဲ့ဒီမိန်းမက သူမသတို့သားလောင်းရဲ့ပေါင်ပေါ်မှာ ထိုင်နေတယ်

သူမရဲ့စီမံကိန်းစာရွက်စာတမ်းတွေအခိုးခံရတဲ့နေ့မှာပဲ သူမကိုငယ်ငယ်ထဲကယှဉ်ပြိုင်နေခဲ့တဲ့ အဲ့ဒီအမျိုးသမီးက သူမရဲ့သတို့သားလောင်းကို ခိုးယူသွားခဲ့ပြန်တယ် အဖြစ်အပျက်တွေအားလုံးတစ်ချိန်ထဲမှာပဲ သူမမျက်စိရှေ့မှာ ဖြစ်ရလောက်အောင်ထိ သူမရဲ့ကံနဲ့နာမည်ဟာ ဆိုးရွားနေခဲ့တယ်လို့ SuLe ထင်ခဲ့မိတယ်

"SuLe''
SuLe ကို တံခါးဝမှာ တွေ့လိုက်ရချင်းပဲ Zhaung Wei ရဲ့မျက်နှာအမူအရာဟာ ပြောင်းလဲသွားခဲ့တယ် ချက်ချင်းကိုပဲ Zhaung Wei ဟာ Lin Qi ကို တွန်းထုတ်ပြီး SuLe ဘေးကိုသွားလိုက်တယ် သူမရဲ့ခရီးဆောင်အိတ်ကိုမယူခင်

"မင်း မနေ့ကဖုန်းခေါ်တော့ မနက်ဖြန်အထိပြန်လာဖြစ်ဦးမှာမဟုတ်ဘူးဆို ခရီးကတော်တော်ပင်ပန်းခဲ့လား ''

SuLe သူ့ကို ဖျက်ခနဲကြည့်လိုက်ပြီး အသံတိတ်နေဆဲပဲ သူမရဲ့အကြည့်စူးစူးဟာ ဆိုဖာပေါ်မှာထိုင်နေမြဲဖြစ်တဲ့ Lin Qi ဆီမှာရောက်နေတယ်

LinQi က သူမရဲ့ကြည့်ကောင်းလှတဲ့မေးလေးကို မော့ပြီး SuLe ကို ဆွဲဆောင်မှုရှိစွာ ပြုံးပြလေတယ်
"မတွေ့ရတာကြာပြီနော် SuLe'' သူမကိုယ်သူမ သိပ်ကျေနပ်နေတဲ့ပုံပဲ

SuLe ခေါင်းကိုက်လာတယ် သူမနဲ့ အဲ့ဒီမိန်းမရဲ့အတွေးတွေဟာ ဘယ်လောက်ကွာခြားတယ်ဆိုတာ မသိခဲ့ဘူး သူမသတို့သားလောင်းရဲ့ဒုတိယလူဖြစ်ရတာကို ပျော်နေတဲ့သူမအတွက်ကတော့ သိပ်ကိုဂုဏ်ယူစရာကောင်းနေပုံပဲ လက်ပူးလက်ကြပ်ဖမ်းမိတာတောင်  ဆက်ပြီးအပြစ်ကင်းချင်ယောင်ဆောင်နိုင်တဲ့အထိ ယောက်ျားတစ်ယောက်ဟာ ဘယ်လိုတောင်အရည်ထူနိုင်မလဲ ဆိုတာ သူမနားမလည်နိုင်တော့ဘူး

"သိပ်တော့လည်းမကြာသေးပါဘူး ဘွဲ့မရခင်ကတည်းက ငါတို့ခဏခဏတွေ့ခဲ့ကြတယ် မဟုတ်ဘူးလား'' SuLe ဟာ ပြန်ပြုံးပြလိုက်ပြီး ဖြည်းဖြည်းချင်း ရေတစ်ခွက်ကို သောက်လိုက်တယ်
Zhaung Wei ရဲ့မျက်နှာက တစ်စထက်တစ်စပိုပျက်ယွင်းလာတာကို သတိမထားမိတဲ့ပုံနဲ့ ''နင်အခု ဘယ်မှာ အလုပ်လုပ်နေတာလဲ ''

''Hello wife'' ** Myanmar Translation **Waar verhalen tot leven komen. Ontdek het nu