Chapter 1: ထွက်သွား လူလိမ်ကောင်

10.4K 410 5
                                    

***Zawgyi***

SuLe အနှစ်သက်ဆုံးဆိုဖာပေါ်၌ ယောက်ျားတစ်ယောက်လက်ထဲတွင် မိန်းမတစ်ယောက်အားဖက်ထားပြီး ထိုသူနှစ်ယောက်သည် နမ်းနေကြသည် နှစ်ယောက်စလုံးသည်အနမ်းထဲတွင်နစ်မွန်းနေသဖြင့် ပတ်ဝန်းကျင်အခြေအနေကို မရိပ်မိကြပေ

SuLe ဟာ တံခါးပေါက်နားတွင်ရပ်နေခဲ့တယ်
သူမဘယ်လိုခံစားချက်မျိုးဖော်ပြရမည်မှန်းတောင် မသိတော့ ဒေါသ? ဝမ်းနည်းမှု? ဒါမှမဟုတ် နှစ်မျိုးလုံးပဲဖြစ်မလား

သူမ တက္ကသိုလ်ပထမနှစ်ကို မတက်ရောက်မီ SuLe ရဲ့အမေက SuLeကို ချမ်းသာပြီးခန့်ညားတဲ့ယောက်ျားတွေကို လုံးဝမရှာဖို့ ပြောခဲ့တယ်
ကြီးကြီးကျယ်ကျယ်ပဲ
ဘာလို့ဆို အဲ့လိုယောက်ျားတွေကသာ တောက်ပကြသလို ကိုင်တွယ်ဖို့လည်း အခက်ခဲဆုံးမို့လို့ပဲ

ကံဆိုးစွာနဲ့ပဲ အဲ့ဒီအကြံဉာဏ်ဟာ မြန်မြန်ဆန်ဆန်ပဲ ငြင်းဆန်ခံလိုက်ရတယ်
"အမေ သမီးယောင်ချာချာဖြစ်နေပြီ''
အဲ့ဒီအကြံဉာဏ်ကိုပေးနေစဉ်မှာ သူမအမေဟာ သိပ်တော့ အလေးအနက်မထားခဲ့ပါဘူး ပြီးတော့ နားထောင်နေတဲ့ SuLe ကပိုဆိုးတယ် ဒါပေမယ့် အခုတွေးကြည့်လိုက်ရင် သူ့မိသားစုက မိဖုရားခေါင်ကြီးပြောတာဟာ မှန်တယ် လို့ SuLeလက်ခံရလိမ့်မယ် ချမ်းသာတဲ့ယောက်ျားတွေက တကယ်ကိုမကောင်းကြဘူး

ဘဝမှာ ဇာတ်လမ်းဆန်လွန်းတဲ့အချိန်အခါ သုံးခု ရှိတယ်လို့ SuLe အမြဲယုံကြည်ခဲ့တယ်
ပထမတစ်ခုက ကိုယ့်နာမည်က ထိပ်ဆုံးကျောင်းသားစာရင်းထဲ မပါလာတာကိုသိရတဲ့အချိန်
ဒုတိယတစ်ခုက မင်္ဂလာပွဲညရောက်မှ သတို့သမီးက ကိုယ်မဟုတ်ကို သိလိုက်ရတဲ့အချိန်
တတိယတစ်ခုက ကိုယ်နဲ့ဆက်ဆံရေးမကောင်းပေမယ့်  ရင်းနှီးနေတဲ့မျက်နှာတစ်ခုကို မြင်ရတဲ့အချိန်

SuLe မှာ မိသားစုနောက်ခံအင်အားတောင့်ပြီး ခန့်ညားတဲ့ ချစ်သူတစ်ယောက်ရှိတယ် တက္ကသိုလ်ကနေဘွဲ့ရပြီးနောက် သူမကောင်လေးက သူ့အဖေရဲ့ကုမ္ပဏီမှာ အလုပ်လုပ်နေချိန် SuLe က မြို့တော် B မှာ အလုပ်ရှာတွေ့ခဲ့တယ် နှစ်ယောက်သားအတူတူ တိုက်ခန်းတစ်ခုကိုတောင် ဝယ်ထားကြပြီး  အတူတူအသားကျအောင်နေဖို့ စီစဉ်ထားခဲ့ကြတယ်

''Hello wife'' ** Myanmar Translation **Where stories live. Discover now