Part 1
📲📲📲
ဖုန်းမြည်သံကြောင့် ကြည့်လိုက်တော့ မနက်ခြောက်နာရီထိုးပြီဖြစ်သည်
"ဒီချိန်ကြီး ဘယ်သူ့ဆက်တာလဲ "
ဖုန်းနံပတ်ကိုကြည့်လိုက်တော့ သူမန်နေဂျာဖုန်းနံပတ်ဖြစ်နေသည်
"ဟဲလို ဝူဘင်း "
" သူဌေး ကျွန်မ လန်လန်ပါ "
" လန်လန်ဘာကိိစ္စလဲ "
"သူဌေးရဲ့မာန်နေဂျာဝူဘင်းဗိုက်နာနေတဲ့ သူ့မိန်းမကိုဆေးရုံလိုက်ပို့ရင်းကားမှောက်လို့ပါ "
"ဘာ!"
" ကလေးကိုတော့ကယ်လို့ရပေမဲ့ မန်နေဂျာဝူဘင်းမိန်းမဆုံးသွားပါပြီ အခုမန်နေဂျာ ဝူဘင်းလည်းနောက်ဆုံးအချိန်ရောက်နေပါပြီ သူဌေးကိုတွေ့ချင်နေပါတယ် "
" ငါလာခဲ့မယ် "
Xiao Zhan အိပ်ရာကထပြီး ဆေးရုံကိုမြန်မြန်ထွက်လာခဲ့လိုက်သည်
" သူဌေးလာတယ် "
ဝူဘင်းအောက်စီဂျင်Maskကိုဖယ်ကာ သူ့ကိုစကားပြောချင်နေပုံရသည် Xiao Zhanနားနာကပ်ကာ နားထောင်လိုက်သည်
" စိတ်ချပါ "
Xiao Zhanရဲ့အဖြေစကားကြားပြီး ဝူဘင်းဆုံးသွားသည်
" သူဌေး ကလေးကိုဘယ်လိုလုပ်မလဲ ကလေးကံဆိုးတယ် သူအဖေလိုပဲ ရောဂါပါလာတယ် "
Xiao Zhan လန်လန်ကိုဘာမပြောပဲ
ဒေါက်တာကိုတွေ့ကာ မှန်ဘောင်ချောင်းထဲက ကလေးကိုပဲ ကြည့်နေမိသည်☀️🌧️☃️
၁၅နှစ်ကြာသော်အခါ
" ဦးလေးလု သားလေးပြန်ရောက်ပြီလား "
" ရောက်ပြီ သူဌေး...ရေချိုးနေတယ် "
Xiao Zhan မိန်မိန်ကိုပြုံးပြကာ
" သားကိုသွားခေါ်လိုက်အုန်းမယ်..ခဏလေးပဲစောင့်ပေးပါ "
"ရပါတယ် အစ်ကို "
Xiao Zhan အခန်းထဲဝင်လာပြီး သားကိုအော်ခေါ်လိုက်သည်
"အသဲလေး ရေချိုးနေတာလား မြန်မြန်ချိုး "
![](https://img.wattpad.com/cover/218533634-288-k85293.jpg)