"ရီပေါ် ! .....နိုးပြီလား?..."
"အင်....."
"ခဏနေဦးနော်....ကိုကို ဆရာဝန်သွားခေါ်ပေးမယ်...."
"လူနာက နှလုံးရောဂါကြောင့် မောပြီး
မေ့သွားတာပါ။အခုတော့ အားလုံးပုံမှန် ပြန်ဖြစ်သွားပါပြီး။ဒါပေမဲ့ နှစ်ရက်သုံးရက်လောက်တော့ သေချာအနားယူပေးပါ.." ဟုဆိုရင်း ဆရာဝန်လည်း အခန်းထဲမှ ထွက်သွားလေသည်။"အခုရော နေရထိုင်ရတာရော သက်သာရဲ့လား?....
မောနေသေးလားဟင်?.....အသက်ရှူရတာရော အဆင်ပြေရဲ့လား?..."ရီပေါ်တစ်ယောက် မိမိရှေ့တွင် ပြာပြာသလဲနှင့် စိုးရိမ်ကြီးစွာ မေးမြန်းနေသော ရှောင်ကျန့်ကိုကြည့်ရင်း .......
"ကျွန်တော်သက်သာပါတယ် ကိုကိုရယ်...
ကိုကိုစိတ်အေးအေးထားပါနော်......" ဟု ဆိုရင်း
မျက်လုံးများမှေးစင်းသည်အထိ ပြုံးပြနေသော ရီပေါ်ကြောင့် ရှောင်ကျန့်ရင်ထဲတွင် စို့နေသောအစိုင်အခဲများ ခဏတာမျှ ကျသွားလေသည်။"အင်းပါ....ဒါပေမဲ့ နောက်တစ်ခါ ရီပေါ်မှာ ဘယ်လို ကိစ္စပဲရှိရှိ ကိုကို့ကို ပြောပြပေးပါကွာ .....အခုကျတော့ မသိရင်ပဲ ကိုကိုနဲ့ ရီပေါ်က သူစိမ်းကျနေရောပဲ ......ရီပေါ်နေမကောင်းတာလဲ ကိုကိုက သူများပြောမှ တစ်ဆင့်သိရတယ်...." ဟုဆိုကာ ဝမ်းနည်းစွာဖြင့် မျက်ရည်များဝဲလာသော
ရှောင်ကျန့်ကို ရီပေါ်ရင်ခွင်ထဲတွင် တင်းကြပ်စွာ ဖက်ထားမိလေသည်။"တောင်းပန်ပါတယ် ကိုကို။ကျွန်တော့်ကြောင့် ကိုကိုစိတ်မကောင်းဖြစ်ရပြီး။နောက်တစ်ခါ ဒီလိုထပ်မဖြစ်စေရပါဘူး။ဒါကြောင့် ကိုကိုမျက်ရည် မကျနဲ့တော့နော်...." ဟုဆိုကာ ရီပေါ်တစ်ယောက် ရှောင်ကျန့်၏ပါးပြင်ထက်၌ ကျဆင်းနေသော မျက်ရည်များအား လက်ချောင်းလေးများဖြင့် အသာအယာသုတ်ပေးလေသည်။
*တောင်းပန်ပါတယ် ကိုကို ။ကျွန်တော့်ရဲ့ ရွှေးချယ်ဆုံးဖြတ်မှုတိုင်းက ကိုကို့ကို အမြဲနာကျင်စေမိတယ်။ကျွန်တော် မကောင်းဘူး
ကိုကိုရယ်....**တောင်းပန်ပါတယ်လို့ ခဏခဏမပြောပါနဲ့....
သူများဆီကနေမှ တစ်ဆင့်သိရလို့ စိတ်ဆိုးတာ မဟုတ်ပါဘူး ။ အမှန်က ကိုကိုမသိလိုက်ခင်မှာ တစ်စုံတစ်ရာသော အကြောင်းတစ်ခုခုက ရီပေါ်ကို ကိုကို့ရင်ခွင်ထဲကနေ ဆွဲထုတ်သွားမှာကို ကြောက်မိလို့ပါ.....*
YOU ARE READING
ချစ် အတ္တ ( Uni+ Zaw )
Fanfiction[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား........ ချစ်တတ်လာတဲ့ လူတိုင်းက အတ္တ ကိုယ်စီတော့ ရှိလာကြတာပဲလေ........... ဒါဟာအပြစ်ဆိုလည်း.......ကျေကျေနပ်နပ်လက်ခံလိုက်ပါ့မယ်...... [Unicode] တစ်ခါ...