ချစ် အတ္တ -47

3.1K 217 44
                                    

‌ဖြေရှင်းချက် - ရီပေါ် က ရှောင်ကျန့်ကို ဆေးရုံမှာ
လာခေါ်တာက ရီပေါ်ရဲ့ ရောဂါပျောက်သွားလို့ မဟုတ်ပါဘူး......ရီပေါ်က ဆက်မကု‌တော့ဖို့ ဆုံးဖြတ်လိုက်တာပါ......

ရီပေါ်က ရှောင်ကျန့်လက်ထက်သွားပြီးလို့ ‌ပြောတဲ့နေ့ကတည်းက သူအသက် မရှင်ချင်တော့တာပါ သို့သော်  ရှောင်ကျန့်သာ လက်မထက်မှန်းသူသိခဲ့ရင် သူ့ရောဂါကို ဆက်ကုဦးမှာပါ ......

ဒါပေမဲ့ ရှောင်ကျန့်က လက်မထက်ထားမှန်း သူသိတဲ့အချိန်မှာ ရှောင်ကျန်း၏ ရောဂါဝေဒနာက အတော်ဆိုးနေပြီးဆိုတာ သိခဲ့ရတယ် .....
ရှောင်ကျန့်ရဲ့ ရောဂါက သိသိချင်းခွဲစိတ်လျှင် အဆင်ပြေနိုင်ပေမဲ့ ရှောင်ကျန့်၏ အချိန်ရွှေ့ဆိုင်းထားမှုကြောင့်.......
ရောဂါအခြေအနေက ပိုဆိုးလာခဲ့ပြီး ခွဲစိတ်ဖို့အဆင်မပြေတော့တာပါ......
ခွဲစိတ်လျှင် အသက်ရှင်ဖို့ရာခိုင်နှုန်းနည်းပြီး အသက်ဆုံးရှုံးသွားနိုင်လို့  သေဆုံးတဲ့အချိန်ထိ ရောဂါဝေဒနာ သက်သာအောင် ဆေးနဲ့ထိန်းထားရခြင်း ဖြစ်တယ်။

ရီပေါ်ကတော့ နှလုံးဆရာဝန်ဆီမှ ဆေးရုံဆင်းခွင့်တောင်းပြီး ရှောင်ကျန့်အား ဆေးရုံးမှအိမ်သို့ပြန်ခေါ်ရန် အာရုံကြော ဆရာဝန်အား တောင်းဆိုခဲ့သည်။ထို့နောက် ဆရာဝန်၏ ခွင့်ပြုချက်ရသည်နှင့် ရီပေါ်တစ်ယောက် ရှောင်ကျန့်အား ဆေးရုံအဝထိ လာခေါ်ခြင်းဖြစ်သည်။

...................................................................

"ကိုကို !!.....အိမ်ပြန်ကြရအောင် ...."

"ဟမ်!!!......"

"ဘာတွေ အံ့ဩနေတာလဲ ကိုကို?....
ကျွန်တော် ရီပေါ်လေ......ဝမ်ရီပေါ် .....
ကိုကို့ ယောက်ျားလေ .....မမှတ်မိတော့ဘူးလား?....." ဟု ဆိုကာ ရှောင်ကျန့်အား  အပြူးအပြဲနှင့်  ရှင်းပြနေသော ရီပေါ်ကို ရှောင်ကျန့်တစ်ယောက် ပါးစပ်လေးဟကာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။

"ချောတယ်..!.."

"ဟမ် !!!....ဘာပြောလိုက်တာလဲ ကိုကို ?....."

"ချောတယ်! .....အရမ်းချောတယ်!...
အရမ်းကြည့်ကောင်းတယ်ဆို.!.... " ဟု ပြောကာ ပါးနှစ်ဖက်နီရဲပြီး ခေါင်းငုပ်သွားသော ရှောင်ကျန့်ကြောင့် ရီပေါ်မိမိ၏ လည်ပင်းကိုသာ  ခပ်ဖွဖွလေး ပွတ်သတ်မိလေသည်။

ချစ် အတ္တ ( Uni+ Zaw )Unde poveștirile trăiesc. Descoperă acum