ချစ် အတ္တ -51

3.1K 189 34
                                    

"ဘယ်လို !! ...
ငါက မင်းကိုပိုက်ဆံချေးပေးရမယ် ဟုတ်လား?...
ဟက် !! ......ဒါနဲ့ မင်းကဘာအတွက် ‌ငွေလိုချင်တာလဲ?...."

"ငါ ...ငါ ရီပေါ်ကို တရားဝင်လက်ထက်ခွင့် ပြန်‌တောင်းမလို့ပါ ....ပြီးတော့ ငါမင်းပိုက်ဆံကိုလည်း တစ်လအတွင်း အကုန်
ပြန်ဆပ်မှာပါ ......"

"မင်းကအခုတောင် လက်စွပ်ဝယ်ဖို့ ပိုက်ဆံမရှိဘဲနဲ့...
တစ်လအတွင်း ငါ့ကိုဘယ်ကပိုက်ဆံနဲ့ ပြန်ဆပ်မှာလဲ?.......မင်းကိုယ်မင်း
အရမ်းအထင်ကြီးလွန်းတယ်လို့ မထင်ဘူးလား?....."

"ငါ ...ငါ့ရဲ့ ကိုယ်တွင်းအင်္ဂါအချို့ကို ရောင်းပြီး မင်းရဲ့ပိုက်ဆံကို အကုန်ပြန်ဆပ်ပါ့မယ်....."ဟူသော ရှောင်ကျန့်၏ စကားအဆုံးမှာ ဝူရန်တစ်ယောက်
အံ့ဩခြင်းများစွာဖြင့် ‌.........

"ဘယ်လို !!! ....ရှောင်ကျန့် ! ....
မင်းဘာပြောလိုက်တယ်?........ကိုယ်တွင်းအင်္ဂါ ရောင်းမယ် ဟုတ်လား?....မင်းရူးနေပြီးလား?....."

"ဟင်အင်း.....ငါမရူးဘူး ....ငါတကယ်
‌ပြောနေတာပါ........"

"‌ရှောင်ကျန့် !...မင်းကွာ !!....
တောက်!!!......."

"ငါက ကုလို့မရတော့တဲ့ ရောဂါသည်တစ်ယောက် ...
ဒါပေမဲ့ ငါ့ကြောင့်‌ကုလို့ရသေးတဲ့ရောဂါကို မကုဘဲနေတဲ့ ရီပေါ်ကိုငါမကြည့်ရက်ဘူး......
သူအခုတလော ရောဂါ‌ဒဏ်‌ကြောင့် အရမ်းခံစားနေရတာ ငါသိတယ်.... သူအမြန်ဆုံး နှလုံးအစားထိုးသင့်နေမှန်းလည်း ငါရိပ်မိပါတယ်......ဒါ‌ကြောင့် ဘယ်လိုကုကု သေဆုံးရမယ့်ငါက သူ့ကို ငါ့ရဲ့နှလုံးသားလေးကို ပေးခဲ့ချင်တယ်....."

"သူကရော လက်ခံမယ်ထင်လား?....."

"ဟင်အင်း.....သူသေချာပေါက် ငြင်းမှာပေါ့....
ဒါပေမဲ့လည်း ငါသေချာပေါက်သူ့ကို အသက်ဆက်ရှင်စေချင်တယ်.......
ငါ့ကို အမြဲအနစ်နာခံပြီး ချစ်ပေးတဲ့ သူ့ကို ‌သေတော့မဲ့ ငါ့‌ကြောင့် သူ့ဘဝလေးကို နစ်မွန်းစေချင်ဘူး.....
နောက်ဆုံး အခွင့်အရေးအနေနဲ့  ငါသူ့အနားမှာ အမြဲတမ်းနေခွင့်ရချင်တယ် .....
ပြီးတော့ သူ့နှလုံးသားမှာရောပေါ့ ........
ဒါ‌ကြောင့် မင်းငါ့ကိုကူညီပါနော် ! ....."

ဝူရန်တစ်ယောက် မိမိရှေ့တွင် ခခယယနှင့် အကူအညီတောင်းနေသော ‌ရှောင်ကျန့်ကိုကြည့်ရင်း
ဘာမှ ဆက်မပြောနိုင်‌တော့ဘဲ စွံအနေ‌လေသည်။

ချစ် အတ္တ ( Uni+ Zaw )Onde histórias criam vida. Descubra agora