ချစ် အတ္တ - 8

4.3K 267 19
                                    

ရီပေါ် POV..........

ပြင်သစ်ကနေ ပြန်လာလာချင်း ခန္ဓာကိုယ်က အရမ်းပင်ပန်းနေ‌သောကြောင့်  ပေကျင်းသို့ပြန်ရောက်ရောက်ချင်း ဖျားလေသည်။
မနက်ဖြန် အကိုရှောင်ကျန့်တို့ မဂ်လာပွဲကိုတောင် မသွားတော့ဘူးဟု ဆုံးဖြတ်ထားလေသည်။သို့သော်
ဝူရန်က အတင်းသွားခိုင်းနေသောကြောင့်
မရှိရှိသော အင်အားများစု၍  မနက်ဖြန်မဂ်လာပွဲသွားရန်အတွက် အနားယူလိုက်လေသည်။

*ကျွန်တော်က ဘယ်လိုစိတ်မျိုးနဲ့ မဂ်လာပွဲမှာ  သတို့သားအရံလုပ်ပေးရမလဲ?.......မနက်ဖြန်မှ မဂ်လာပွဲ မပျက်ရင် ကျွန်တော်ကိုယ်တိုင် ခင်ဗျားကိုသတ်ပေးရမယ်တဲ့......မသတ်နိုင်ရင် ကျွန်တော်ရော ကျွန်တော့်ညီမလေးရော ဒုက္ခရောက်မှာဗျ .....ဟက်!...
ကျွန်တော့်ဘဝဟာ ဆုပ်လည်းဆူး စားလည်းရူး
ဖြစ်နေပြီးဗျာ ..........*

ရီ‌ပေါ်တစ်ယောက် တွေး‌နေရင်းနှင့်ပင် မျက်ရည်များကျလာရသည်။

...................................................................

မဂ်လာခန်းမကြီးရဲ့ .....ကော်ဇော်ထက်တွင်.......
အဖြူရောင် သတို့သား အရံနှစ်ယောက် ပန်းများကြဲ၍ သတို့သားနှစ်ယောက်အရှေ့မှ လျှောက်လာသည်။ဘယ်သူသိမှာလဲ?....
သတို့သားအရံတစ်ယောက်ကတော့ ပန်းများအပြင်
ကြေကွဲမျက်ရည်ဥ များပါ ကျဲနေတယ်ဆိုတာ......

သတို့သားနှစ်ယောက် ဖားသားကြီးအရှေ့တွင် ကတိကဝတ်ပြုမည်အလုပ်........တစ်ခန်းလုံး
မီးများ အမှောင်ကျသွား၍......
ဘယ်အချိန်ကတည်းက ပြင်ဆင်ထားမှန်းမသိသော
ပိတ်ကားချက်အဖြူ‌ရောင်ပေါ်တွင် ပေါ်နေသော
ကောင်လေးနှစ်ယောက် ......တစ်ယောက်ကို အခြားတစ်ယောက်က အတင်းအကြပ်နမ်းနေပြီး....
နောက်ပိုင်း ထိုကောင်လေး နှစ်ယောက်လုံးအချစ်ကမ္ဘာထဲ ရောက်သွားတဲ့ vedioလေး ဖြစ်သည်။ ထိုvedioအပြီးတွင် အခန်းထဲမှ ဧည့်သည်အားလုံး၏ အကြည့်များသည် သတို့သား‌ရှောင်ကျန့် နှင့် သတို့သားအရံ ဝမ်ရီပေါ်တို့ဆီသာ  ရောက်နေကြလေသည်။

ထို့အတူ ကျင့်လေးကလည်း ရှောင်ကျန့်အား နီရဲစူးရှသောမျက်လုံးများနှင့် ကြည့်‌နေသောကြောင့်.........

"မဟုတ်!....မဟုတ်ဘူး..!!...ကျင့်လေး....ကျင့်......"

"မခေါ်နဲ့!!!!.....မခေါ်နဲ့!!....."

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now