အိတ်ထဲမှတဆင့် လက်ထဲထိတောင်ရောက်နေပြီဖြစ်တဲ့ စပျစ်သီးလုံးလေးက ပါးစပ်ထဲမရောက်ခင် မြေကြီးပေါ်သို့ ဖုတ်ခနဲပြုတ်ကျသွားသည်တရားခံကား
"ဟား....ဟား...ဝတုတ်.....
ဟားဟား.....အမလေး ဘောင်းဘီဖင်ကွဲတာတဲ့...ဟား....ဟားဟား"ဤသည်ကား ကျောင်းဘောလုံးကွင်း၌ သူငယ်ချင်းများ ဘောလုံးကန်နေသည်ကို စပျစ်သီးများစားရင်း အားပေးနေသည် Sehunnie ၏ ရယ်သံပင်ဖြစ်ပေသည်။
"အမလေး ရီရတာ မျက်ရည်တောင်ထွက်တယ်
ငါတောင်ကလေးတစ်ယောက်ရတော့မယ်
ဝတုတ်ကောင်ခုထိ နမော်နမဲ့နိုင်တုန်း""Ya....ဘူဆန်...ဒုံမင်ကို ညာဘက်ကနေဝိုက်ချလိုက်တော့လေကွာ
ဟာ....လွဲပြန်ပြီ....သေနာလေးက"ဘူဆန်ဟု နမည်ပြောင်ပေးခံရတဲ့ ကောင်လေးက ခံပြင်းစွာကွင်းထဲမှ ပြန်အော်သည်
"ကြက်ပေါက်....ငါမင်းထက်ပိုကန်တတ်တယ်ကွ...မင်းလို ဘောလုံးကန်ရင် ညစ်ပတ်ဖို့ပဲသိတဲ့လူက ဆရာလုပ်တာလောက် ခံပြင်းတာမရှိဘူး"
ဘယ်လိုပြောပြော အိုဆယ်ဟွန်းလေးကိုမရပ်တန့်နိုင်ပါပေ
"ဟာ...ဟိုကောင် KimKai....
Ya ဂိုးအိမ်ကို DO Hyung များ မှတ်နေလား
တိုင်ပဲသွားပွတ်မနေနဲ့ အလယ်မှာနေ...မင်းကြီးတော်ဘောလုံးက မင်းနားရောက်လာပြီကွ""Kyungsoo Hyung အဲ့ကောင်တွေအကျောမပေးနဲ့ မညှာနဲ့ လုလု"
"ဝတုတ် မင်းအဖွဲ့စိတ်ဓာတ်နဲ့ကန်ကွ နောက်တန်းမှာလူလွတ်နေပြီလေ"
"ဟာကွာ ဗိုက်ခံနေလို့ပေါ့
မင်းတို့ကောင်တွေကန်နေတာ အလုပ်ကိုမဟုတ်ဘူး"ကွင်းဘေးမှာ မတ်တပ်ရပ်ပြီး ပွက်ပွက်ညံအောင်လိုက်အော်ပြီး ဆရာလုပ်နေတဲ့ ကြက်ပေါက်ကို ဘောလုံးကန်နေတဲ့ Kai တို့ အဖွဲ့ ဝိုင်းပြီး လက်ခလယ်ထောင်ပြလိုက်မှ ငြိမ်ကျသွားပြီး ခုံတန်းတွေအပေါ်သွားထိုင်နေတော့သည်
ဗိုက်နဲ့မို့ပေါ့ မဟုတ်ရင် အဲ့ကြက်ပေါက်ပြားအောင် ဝတုတ်ကိုတက်ဖိခိုင်းတယ်
Sehun လေးတယောက် စပျစ်သီးထုပ်လေးပြန်ဖွင့်ကာ တမြုံ့မြုံ့စားရင်း သူ့ squad ဘောလုံးကန်ရာဆီ ပြန်ကြည့်နေလိုက်သည်