🐉13🐷

2K 153 6
                                    

အမှတ်​မရချင်​စရာ အမှတ်​တရ​ပေါင်းများစွာ ​ကျော်​လွန်​ပြီးသည့်​​နောက်​မှာ​တော့ ကျ​နော့်​နဲ့ ချာတိတ်​တို့ ဂ​ဟေဆက်​ရမဲ့​နေ့ကို​ရောက်​ရှိခဲ့တယ်
ဖိုး​လေးက ဒီမင်္ဂလာပွဲအတွက်​စတင်​ဖန်​တီးသူဆိုရင်
Uncle xing နဲ့ baek arjima တို့က ဖြစ်​​မြောက်​​အောင်​​ဆောင်​ကျည်း​ပေးသူလို့သတ်​မှတ်​ရမှာပင်
ဖိုး​လေးရဲ့ ရစ်​နည်း​ပေါင်းမျိုးစုံကို​ကျော်​ဖြတ်​ဖို့ uncle xing နဲ့ baek arjima တို့ ကူညီခဲ့ကြခြင်း​ကြောင့်​ ယခုကဲ့သို့ အရင်​သတ်​မှတ်​အချိန်​အတွင်း ပွဲကျင်းပနိုင်​ကြသည်​သာ
ကျ​နော်​တို့ wu အိမ်​​တော်​မှာ လူစုံ​တွေ့ရပြီးတဲ့ ည​နေကစပြီး မင်္ဂလာပွဲကိုတတ်​နိုင်​သမျှအမြန်​ဆုံးဖြစ်​ချင်​သူက ကျ​နော်​ wu yifan ပါ
ချာတိတ်​နဲ့ နီးစပ်​ချင်​တယ်​ဆိုတာထက်​ကို ဟိုဘက်​ဒီဘက်​ အပြန်​အလှန်​ရစ်​​ကြောရှည်​​နေကြသည်​ကို မမြင်​ချင်​​တော့သည့်​အတွက်​​ကြောင့်
တခု​သော ည​နေကလဲ မထင်​မှတ်​ထားသည့်​ရန်​ပွဲတခုဖြစ်​သွားခဲ့သည်
အတိအကျ​ပြောပြရရင်​ မင်္ဂလာမ​ဆောင်​ခင်​ည​နေဘက်​အချိန်​....
ဖိုး​လေးနဲ့ arjima တို့ ဆုံးဖြတ်​ချက်​အရ
မည်​သို့မည်​ပုံ ဆုံးဖြတ်​ကြသည်​ ကျ​နော်​မသိ

ပွဲ​နေ့မှာ...ကျ​နော်​က အ​နက်​ရောင်​ဝတ်​ဆင်​ရမည်​ဖြစ်​ပြီး ချာတိတ်​ကို​တော့ ခဲ​ဖျော့ရောင်​ ဝတ်​ဆင်​ရမည်​ဆိုကြသည်
ထို့အပြင်​ ဖိုး​လေး၏ လျာတဖျုားရှည်​ရမှ ​ကျေနပ်​ချင်​သည့်​စိတ်​​ကြောင့်
ကျ​နော့်​ဘက်​က လူ​တွေအကုန်​ အနက်​​ရောင်​ပါ​အောင်​ဝတ်​ဆင်​ကြရမည်​ဖြစ်​ပြီး ချာတိတ်​ဖက်​က သူငယ်​ချင်း​တွေ ​ဆွေမျိုး​တွေကို​တော့ ခဲ​ရောင်​ပါဝင်​​အောင်​ဝတ်​ဆင်​ရမည်​ဆိုသည်

အစအ​နောက်​သန်​သည့်​ Tao ကိုပဲ အပြစ်​တင်​ရမလား
စွာလွန်းလှသည့်​ ချာတိတ်​ကိုပဲ အပြစ်​တင်​ရမလား ကျ​နော်​ မသိခဲ့

ကျ​နော့်​အိမ်​သို့ ထိုည​နေက luhan နဲ့ အတူ Tao တ​ယောက်​​ရောက်​ချလာ​လေရဲ့
ကျ​နော့်​ကို​တွေ့​တွေ့ချင်း "ge" လို့​ခေါ်ပြီး ကျ​နော့်​ခွတက်​ပြီးဖက်​လိုက်​တာ​ကြောင့်​ ချာတိတ်​တ​ယောက်​ ပါးစပ်​အ​ဟောင်းသားနဲ့​ငေးလို့
သူဝတ်​ရမဲ့ဝတ်​စုံကိုထုတ်​ပြီး မနက်​ဖန်​ ge နဲ့တူတူ ဆင်​တူဝတ်​ရ​တော့မယ်​ ဆိုပြီး ချာတိတ်​ဘက်​ မျက်​​စောင်းထိုး​ပြောလိုက်​ရာက​နေ စလိုက်​တဲ့ဇာတ်​လမ်း....တကယ်​ကို အမှတ်​မရချင်​စရာ​တွေပါဗျာ

ဗရုတ်​Where stories live. Discover now