Sehunnie လေးရဲ့ ချစ်ဒုက္ခ

480 55 31
                                    

(ရှေ့တပိုင်းမှာ story ကို ပြန်နွှေးပေးထားတယ်နော်)
သီချင်းသံလေး လွင့်ပျံ့နေတဲ့ စာသင်ခန်းငယ်လေးတခု

🎼🎼 'ကိုကြီး' ဆိုပြီး ညီမလေးက ချွဲတဲ့အခါ...
အသက်ကြီးပေမဲ့....
.
.
.
.
အလိုလိုက်ဆုံး ပြိုင်ပွဲ ကိုကြီး ဗိုလ်ဆွဲပလိုက်မယ်🎼🎼

ဆေးခန်းပြဖို့ရန်အတွက် ကျောင်းတပတ်ပျက်လိုက်သည်နဲ့ပဲ အခန်းထဲမှ ပြာကလပ်စိန်များ ဖွင့်နေတဲ့ သီချင်းကို Sehun မကြားဖူးသေးပါ
အော် ခေတ်ကြီးက ကိုယ့်ကိုစောင့်မနေပါလားနော်
ကိုကြီးသီချင်းဖြစ်နေသောကြောင့် ပြာကလပ်စိန်များ လိုက်ဆိုနေသည့်အသံများကြားမှ  စိတ်ဝင်တစားလိုက်နားထောင်ဖြစ်သည်
နားထောင်ရင်း နားထောင်ရင်း စိတ်ထဲမှာ FanFan ကြီးကို သတိရလာရင်း ပြုံးဖြီးဖြီးကြီး ဖြစ်လာမိတယ်
ဟုတ်တယ်လေ ကျနော့် FanFan လောက် ချစ်သူအပေါ်အလိုလိုက်တာ ဒီ 31 ဘုံမှာ ရှိသေးလားပြော
အဟိ

🎼🎼ညီမလေးကို အသဲကွဲရအောင်လို့ ကိုကြီးမလုပ် လုပ်ရင် ကိုကြီးမဟုတ်🎼🎼

အား....သိဘူး သိဘူး....လွမ်းလာပြီ
အိမ်ပြန်ပြီး Fanfan ကို အာဘွားပေးချင်လာပြီ
တဆက်တည်းမှာပဲ မရှိသေးသော ကိုကြီးများကိုစိတ်ကူးယဉ်ပြီး feel နေသည့် ပြာကလပ်စိန်များကို ကြည့်ပြီးသနားမိသည်
အော် ကိုယ်ကသာ ကိုကြီးနဲ့ ချစ်တာမှတဖက်ကမ်းတောင်ရောက်ပြီး ဗိုက်ကလေးပါပူနေတဲ့အချိန်မှာ တချို့က မိတ်ကပ်တွေပြာနေအောင် လိမ်းပြပြီး လိုက်ဖမ်းနေရတုန်းပါလားနော်....😪

🎼🎼နှုတ်ခမ်းလေးကို အနမ်းပေးသလို ထော်ပြီးတော့ ဝမ်း တူး သရီး ခေါ်ကြည့်
'ကိုကြီး'🎼🎼

အဟင့်...ဘယ်လိုဦးနှောက်နဲ့များ Fanfan ကို Fanfan လို့ခေါ်ခဲ့ပါလိမ့်...ကြက်ဦးနောက်ပါကွာ...အဲ့တာ မားတို့ကြောင့် ငယ်ငယ်ကတည်းက ကြက်ပေါက်ကြက်ပေါက်နဲ့လာလာစတော့ ခေါင်းမသုံးမိဘူးဖြစ်သွားတယ်
တကယ်ဆို ရိုဆန်ဆန်နဲ့ ကိုကြီးတို့ ကိုကိုတို့ ခေါ်ပြီး ပစ်ရိုနေမဲ့ အချိန်ကို...
Grrrrr....အဲ့တာ ဖိုးလေးပေါ့ ဟွန့်...
သူပဲသင်ပေးခဲ့တာ Xing ကို လဲ Xing လဲခေါ်တယ်တဲ့ သူတို့ခေတ်က ကိုကြီးခေတ်မှ မဟုတ်ပဲ
အခုခေတ်ကြီးမှာ ချစ်သူကို ငယ်နမည်နဲ့ပဲခေါ်ပြီး ဂွမ်းနေတာ ငါတယောက်တည်းများလား😔

ဗရုတ်​Where stories live. Discover now