🐣31🐉

2K 167 27
                                    

"ပြန်​လာဖို့ သတိလှမ်း​ပေးတုန်းက ဖုန်း​တောင်​မကိုင်​ဘူး မဟုတ်​လား"

ဖိုး​လေးကိုမှီရင်း နား​ထောင်​​နေရသည်

"မကြားလိုက်​လို့ပါ fanfan ရယ်​"

ဖိုး​​လေးတ​ယောက်​က​တော့ ပါးစပ်​က ဘာ​တွေမှန်းမသိ တိုးတိုး...တိုးတိုးနှင့်​ ရွတ်​ဆိုပြီး ကျ​နော့်​​ခေါင်း​ပေါ်က ဆံပင်​​မွှေး​လေး​တွေသပ်​သပ်​ချသည်

"​message ပို့တာလဲ အဖတ်​မလုပ်​ဘူး​လေ"

"ဖုန်းကတ​နေရာမှာဆို​တော့မသိလိုက်​တာနဲ့"

ကျ​နော်​လဲ​ပြောလိုက်​​ရော ဆန်​ပြုတ်​အိုး​မွှေ​နေရာက ရပ်​ပြီး..မျက်​​ထောင့်​နီကြီးဖြင့်​လှမ်းကြည့်​ပြီး

"Kyungsoo ကို ဖုန်းလှမ်းဆက်​ပြီး အကျီင်္​ရေဆို​နေရင်​ ချက်​ချင်းပြန်​လာဖို့​ပြောတာကျ​တော့​ရော"

"ကျ​နော့်​ကို noona တို့က မုန့်​သွားစားမယ်​လို့ဆက်​​ခေါ်..."

မီးဖိုကို ချက်​ခနဲ ပိတ်​လိုက်​ပြီး ကျ​နော်​နဲ့ ဖိုး​လေး ရှိရာဆိုဖာနားသို့ကပ်​လာကာ

"​ရေဆိုဝတ်​နဲ့ အကြာကြီးမ​နေရဘူး ဆိုတာမသိဘူးလား
ဟင်​ အခု​တော့ဖျားပြီ မဟုတ်​လား"

ဘေးနားက ငြိမ်​ပဲ ငြိမ်​​နေတဲ့ ဖိုး​လေးကို လက်​က​လေးနဲ့ အသာကုပ်​ပြီး စစ်​ကူ​တောင်းကြည့်​​တော့

"ဟာ...wuYifan မင်းကလဲ က​လေးကို ဆူ​ ....နေတာပဲ...ဖျား​နေမှ​တော့...​မ​ပြော​တော့နဲ့ နား​တွေကိုညီး​နေတာပဲ"

"ဟုတ်​တယ်​ fanfan က မားထက်​ နားညီးတယ်​"

ကျ​နော်​နဲ့ ဖိုး​လေး​ပြောလိုကိတာ​ကြောင့်

"ဘာာာာာာာ"

"​အေးပါ...ဟုတ်​ပါတယ်​...ကျုပ်​ပဲမှားပါတယ်​....#&#*%&$(($"

ပါးစပ်​ကပွစိပွစိရွတ်​ရင်း မီးဖိုခန်းဘက်​တခါပြန်​ဝင်​သွား​လေသည်

FanFan မရှိ​တော့မှ...ဖိုး​လေးရဲ့ ခါးကိုဖက်​ကာ ရင်​ခွင်​ထဲ တိုးကပ်​ထားပြီး

"ဖိုး​လေး.."

"ဟင်​...​မြေး​လေး...​ခေါင်းမူးလို့လား"

ဗရုတ်​Where stories live. Discover now