?5?

2.5K 199 4
                                    

ဖိုးလေးရဲ့ ခိုင်း​စေမှု​ကြောင့်​ လိုက်​မသွားချင်​​ပေမဲ့လဲ ဒီစကားဝိုင်းထဲဆက်​မ​နေချင်​​တော့မို့ အိမ်​ထဲက ထွက်​ခဲ့လိုက်​တယ်​ ခြံတံခါးနား​ရောက်​ခါနီးမှ

"WuYifan..."
"ဗျာ"
"ဒီမှာ မင်းကို စဆရက သွားလုပ်​ခိုင်းတာမဟုတ်​ဘူး​နော်​ ပစ္စည်းအတင်​အချ အကုန်​ကူညီ​ပေးလိုက်​ပါ ပြီး​တော့ က​လေးကိုစကားအ​ပြောအဆို ညင်​သာ ဟင်းဟင်း မဟုတ်​လို့က​တော့​နော်​ "

သွားကြားထဲက​လေသံနဲ့ လာခြိမ်း​ခြောက်​​နေတဲ့ ကျ​နော့်​ ဖိုး​လေး

"ကျ​နော်​ သိပါတယ်​ဗျာ
ဖိုး​လေး သာ အကြီးလိုနေ ဟို arjima ကို ရန်သွားမရှာနဲ့"

ကျ​နော်​လဲအပြတ်​​ပြောပြီး လစ်​ထွက်​ခဲ့​တော့တယ်​ ​နောက်​ပြန်​လှည့်​ကြည့်​​တော့ မျက်​​စောင်းတချက်​ကလွင့်​ပြန်​လို့

Park အိမ်​​တော်​က ကုန်းမြင့်​​ပေါ်မှာ ရှိ​နေတာမို့ ကားကို အိမ်​​ရှေ့တည့်​တည့်​ထားမရ အိမ်​အတွင်းထိ ထည့်​ရင်​ထည့်
မထည့်​ရင်​​တော့ အိမ်​အကွယ်​ဘက်​ ကုန်းအနိမ့်​ဘက်​တွင်​သာ ထားလို့ရတာမျိုး
ကျ​နော်​လဲ ကုန်း​အောက်​မှာ အရံသင့်​ဟိုက​လေးကို​စောင့်​​နေလိုက်​တယ်
မကြာပါဘူး ခြံတခါးဖွင့်​သံ​လေးနဲ့ဆင်းလာတဲ့က​လေး

"ဦး​လေး လာ သွားရ​အောင်​"
"​ပေး​လေ ​သော့"
"အန်​ ဦး​လေး ​မောင်းမှာလား သားပဲ​မောင်းလိုက်​မယ်​​လေ"
"မင်းက ငါ့ကို အသက်​မပြည့်​တဲ့ သူငယ်​​မောင်းတဲ့ကားကိုစီးမယ်​များထင်​​နေလား
က​လေး က​လေးလို​နေစမ်း"

ပြောရင်း ကိုယ်​​တောင်​သတိလုံးဝမထားမိလိုက်​ပဲ လက်​က ဆက်​ခနဲ ​ခေါင်းသွားပုတ်​မိလိုက်​တယ်

"က​လေးကို.... ဟိတ်​​ကောင်​ wuYifan...မင်းကိုငါ မှာထားတယ်​​လေ"

ကုန်းအကွယ်​က​နေဘယ်​အချိန်​ကတည်းက​ချောင်း​နေမှန်းမသိတဲ့ ကျ​နော့်​ ဖိုး​လေး

"Imm လေ မှာတယ်​​လေ ဖိုးလေး ပဲ အ​ပြောအဆို ဆင်​ခြင်​ဆို"

"မင်း​နော်​...စကားကို....အာရီဂူး ချစ်​ပူတူး​လေး လန့်​သွားတာလား ဒီ​ကောင့်​ကို"

ဗရုတ်​Hikayelerin yaşadığı yer. Şimdi keşfedin