💝55💝

9K 673 96
                                    

******Zawgyi*******

"ကိုကို....ကိုကို...."

"အင်းး ပြော...."ထူးပန် ဆိုင်မှာ မေမေ့ကို လချူပ်စာရင်းတွေ လုပ်ပေးရင်းကနေ ထူးလိုက်သည်။

"ကိုကို လို့ဆိုနေ...."ဆိုကာ စူအောင့်လာသံကြောင့် အကြည့်ကို လယ်ဂျာမှနေ သူလေးကိုကြည့်လိုက်ရာ မောင်က
စူပုပ်ပုပ်လေးလုပ်နေတာကြောင့်.....

"ဟောဗျာ.....ဒါကဘာဖြစ်ရပြန်တာလဲ"

"မောင်ခေါ်နေတာ အရေးမှမလုပ်တာ"

"ဟင်! လုပ်တယ်လေ
အင်းပြောလို့ ပြောနေတာပဲကို..."

"မောင့်မှ မကြည့်တာ...."ကြည့် အဲဒါဘာမှမဟုတ်ဘူး.....သူပျင်းတိုင်းလူကိုကြံဖန်ရစ်ချင်နေတာ....။

"ဟုတ်ပြီ.... ခုကြည့်ပြီနော်
ပြော ဟောဒီကမောင်က ကိုကို့ကို
ဘာများမိန့်ချင်လို့ပါသလဲခဗျာ...."သူ့ပါးလေးကို အသာဖွဖွ ဖျစ်ညှစ်ရင်း အူယားစွာ ပြောတော့

"ဟီး....."ခနဲ ရယ်ရင်း ပုခုံးထက်မှီကာ လာသူကို....
ဆိုင်က ကောင်မလေးတွေကတော့ ပြုံးစိစိနဲ့ကြည့်နေကြသည်။အတွင်းခန်းထဲကမေမေကလည်းထို့အတူ ပြုံး၍သာ....။

တော်သေးတာက ဒီအချိန် ကတ်စတန်မာတွေ ရှင်းနေလို့သာ။ဒီလိုပြောလို့ ကျွန်တော် မောင်နဲ့ ချစ်နေတာကို ရှက်လို့၊လူအထင်သေးခံရမှာ ကြောက်လို့တော့ မထင်လိုက်နဲ့။ ကျွန်တော့်ကို ဘယ်လိုပုံစံ ဘယ်လိုမျက်လုံးမျိုးနဲ့ ကြည့်ကြည့် ဂရုမစိုက်ပေမဲ့ မောင့်ကိုတော့ တစ်စက်ကလေးမှ အထိမခံနိုင်။

မောင့် ကိုစက်ဆုပ်သလိုလို၊အထင်သေးသလိုလို၊မဲ့ကာရွဲ့ကာကြည့်တဲ့ မျက်လုံးတွေကိုဆို ဆွဲဖောက်ထုတ်ကာ ခွေးကျွေးပစ်ချင်သည်။တော်ရုံလူကလည်းထူးပန်ရဲ့တန်ပြန်အကြည့်တွေကို ဖြုံကာ ဘယ်သူမှ သူတို့ကို တော်ရုံတန်ရုံပင် အထင်မြင်မသေးရဲပါ။ထူးပန်ဆိုတာက စိုင်းအတွက်ဆို ဒိုင်းတစ်ခုလို ကာကွယ်ပေးရမလား၊ရင်ခွင်နန်းတော်တစ်ခုလို ပျော်မွေ့စံစားချင်လေသလား။သူ့အတွက် စိုင်းက အရာရာ ဆိုသလို....စိုင်းအတွက်လဲ သူက အရာရာဖြစ်နိုင်စွမ်းသည်။

"ကိုကို....."လူကို ခေါ်သာခေါ်နေပြီး ဘာမှ မပြောသူလေးကို နဖူးလေး ငုံ့နမ်းကာ သူဆက်လာမဲ့စကားကို စောင့်နေပေးတော့.....

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now