💝14💝

17.2K 1.2K 44
                                    

*****Zawg&Uni*****

*****Zawgyi*****

ထူးပန်
သူ့ကြောင့်နာကျင်စေခဲ့ရသော အကြိမ်ကြိမ်ငိုခဲ့ရသော ကောင်လေးကို လွတ်ထွက်သွားမှာ စိုးသည့်အလား တိုး၍ ထွေးပွေ့လိုက်ကာ......

"ပြောပါအုန်း ဒီလောက်အေးတဲ့ချိန် ဒီချိန်ကြီး... ကို့ဆီ ရောက်လာရတဲ့ အကြောင်းရင်း ."စိုင်း ထူးပန်ကို တိုး၍ ဖတ်တွယ်လိုက်ပြီး.....

"ကြောက်လို့ အိမ်မက်ထဲကလို ကိုကို တခြားလူလက်ကို တွဲသွားပြီး ကျွန်တော့်ကို ထားခဲ့မှာကြောက်လို့ ကိုကိုသိလား အဲဒီအချိန်အခိုက်တံ့လေးကို ကျွန်တော်သေသွားပြီတောင် ထင်ရအောင် ခံစားရတယ် အရမ်းလည်းကြောက်တယ် ခုချက်ချင်း
ကိုကို့ကို မတွေ့ရရင် ကျွန်တော်သေသွားနိုင်တယ်"

ထူးပန်....စိုင်းမျက်နှာလေးကို မော့ယူလိုက်ပြီး.....

"အဲဒီလောက်တောင်လား ကိုက မင်းအဲဒီလောက်ထိ ချစ်ဖို့ သင့်လို့လား"

"ဟင့်အင်း....အဲဒီထက်ကိုပိုတယ်
ကိုကိုကို့ ကျွန်တော့်အသက်ထက်
အရာအားလုံးထက်ကို ပိုချစ်တာ "ပြောပြီး
စိုင်း ထူးပန် လည်တိုင်များကို တွဲခို၍ အေးစက်နေသော နှုတ်ခမ်းလွှာ နှစ်စုံကို ထပ်တူကျ၍ နွေးထွေးစေခဲ့သည်။

တစ်ယောက်ကိုတစ်ယောက် တဖြည်းဖြည်းချင်း နမ်းရှိုက်နေရာမှ ထူးပန်က စိုင်း အပေါ် နှုတ်ခမ်း ပါးပါးလေးကို တစ်ချက် ခပ်ပြင်းပြင်း.....စုပ်ယူလိုက်
ပြီး....

"ချိုလိုက်တာ...."နောက် အောက်နှုတ်ခမ်းလေးကိုလည်း ထိုနည်းအတိုင်း ခပ်ပြင်းပြင်း စုပ်ယူလိုက်
ပြီး.....

"ဒါလေးက ပိုချိုတယ် "ပြောပြီး စိုင်းနှုတ်ခမ်းလေးတွေထဲတိုးဝင်၍ လျှာလေးကို ထိတွေ့ဆော့ကစားပြီး...မှ....စိုင်းလျှာလေး ထုံကျင်သွားသည်အထိ စုပ်ယူလိုက်ပြီး.....

"ဒါလေးက အချိုဆုံးပဲ "ပြောကာ သူတို့ရဲ့ အနမ်းများကြောင့် စီးကျနေသော စိုင်းနှုတ်ခမ်းထောင့်စွန်းတစ်ဖက်ရှိ သွားရည်များကို လျှာလေးနဲ့ယက်ကာ ရီဝေဝေလေး စိုက်ကြည့်နေလိုက်သည်။စိုင်းတစ်ယောက်မှာတော့.....ထူးပန်နှာခေါင်းစင်းစင်းလေးကို အသည်းယားစွာ ဆွဲညှစ်၍......

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now