💝35💝

9.3K 624 43
                                    

*****Zawgyi*****

ဒေါ်နန်းဝေဝေမြင့် အတော်ကြာသည်အထိ ငိုလို့ဝတော့မှ စိတ်လဲအနည်းငယ်တည်ငြိမ်လာပြီးနောက် ခင်ပွန်းဖြစ်သူ ရင်ခွင်မှ အသာထွက်လိုက်ပြီး ကိုယ်ကိုအနည်းငယ်ခွာလိုက်သည်။

"ဖေကြီး.......
ရှင်လဲ သိနေခဲ့တာလား....."ဆိုတော့
ခေါင်းအသာညိမ့်ပြလာသော ယောကျာ်းကို.....

"ကိုက ဘယ်တုန်းက သိတာလဲ.....
ဘယ်လိုသိခဲ့တာလဲ....."

"ဟိုရောက်တဲ့နေ့က
အငယ် ပြောပြလို့သိတာ...."

"ဟင်.....!
ငယ်က နန်းကိုကြ မပြောပြဘူး...."

"နန်းကိုပြောပြရင် နန်းခုလိုဖြစ်မယ်ဆိုတာ
သိလို့လေ.....ပြီးတော့
နန်းကလက်မခံပဲ ဝုန်းဒိုင်းသွားကြဲမှာလဲ စိုးဟန်တူပါရဲ့....."

"နန်းက အဲလိုလုပ်ပါ့မလား....."

ဦးစိုင်းခန့်ငြိမ်း ဇနီးသည်ကို သေချာကြည့်၍.....

"နန်း ဘယ်လိုလုပ်မယ်စိတ်ကူးလဲ......
သားကို"

"ဖေကြီးကရော....."

"အင်း....ကိုကတော့ သားကို
ဘဝဟောင်းက ဒဏ်တွေ မခံစားစေချင်တော့ဘူး...
ကိုကြီးအဖြစ်နဲ့တုန်းက ဆုံးရှုံးခဲ့ရပြီးပြီမို့
သားအဖြစ်နဲ့တော့ ထပ်တူအဖြစ်မျိုး အဖြစ်မခံနိုင်တော့ဘူးသား သဘောအတိုင်းပဲ...... ပေးဆုံးဖြတ်လိုက်ပါ...."

ဒေါ်နန်းဝေဝေမြင့်

တလိမ့်လိမ့် စီးကျလာတဲ့ မျက်ရည်လုံးတွေကို
ပွတ်သုပ်ရင်း......သူမ ခုချိန်မှာတော့
တစ်ချိန်က ယောက္ခမကြီး ခံစားချက်တွေကိုနားလည်ခဲ့ရပြီ။ဘယ်လောက်ထိ နာကျင်ရလဲဆိုတာ ကိုယ်တိုင်ခံစားနေရပြီ။

အဆုံးထိ ခေါင်းမာအတ္တကြီးပါက
ဘယ်လိုအဆုံးသတ်သွားခဲ့လဲ ဆိုတာကိုပါ
မြင်တွေ့ခဲ့ရသူမို့ ယောကျာ်းပြောသလို သားကိုတော့
ထိုနည်းအတိုင်း ထပ်တူမဖြစ်စေရပါ။

"နန်းလေ.....ခုမှ မေမေ့ကို ကိုယ်ချင်းစာမိတယ် ကို.....
မေမေ ဘယ်လောက်ထိ တုန်လှုပ်ခဲ့ရမလဲနော်"
တကယ်က ဦးစိုင်းခန့်ငြိမ်းမှာ စိုင်းခန့်ညားဆိုသည့်
အကိုတစ်ယောက်ရှိခဲ့သည်။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now