💝1💝

76.3K 2.3K 47
                                    

****Zaw****

အစက ဒါလေးကို ၁၀ပိုင်းလောက်ထိရေးပြီးမှ အပ်ဒိတ်မှန်နိုင်အောင်တင်မယ်စိတ်ကူးထားတာပါ။ဒါပေမဲ့ ခု Flowers 100ပြည့်အထိမ်းမှတ်လေးနဲ့ တင်လိုက်ပါပြီနော်......💝

ဆုထူးပန်တစ်ယောက် မိမိအခန်းရှိ ဆိုဖာရှည်ပေါ်တွင် အာလူး​​​ချောင်းကြော်လေးစားရင်းဇိမ်ကျ၍နေသည်။မုန့်စားရင်း K Drama ကားလေး ကြည့်ကောင်းနေစဉ်.........
အာပြဲကြီးနဲ့ သူ့နာမည်အော်ခေါ်နေရင်း ရောက်ချလာသော Sandi မ...။

"ဟဲ့ ထူးပန် အမလေး သေနာလေး
နင်က ဇိမ်ကျနေတာ"
ပြောရင်းသူ့လက်ထဲက အာလူးကြော် ကို ဇိုးခနဲဇတ်ခနဲယူစားလေသည်။

"ငါ့ဟာငါ ဇိမ်ကျနေတာ နင့်သောက်ပူပါလို့လား
သေနာမ ရဲ့......"ထူးပန် သူမလက်ထဲရှိ မုန့်ထုပ်ကို ပြန်ဆွဲယူ၍ ပြောလိုက်သည်။

ထူးပန်ဆိုသည်က သူများနဲ့သာအနေအေး၍ တည်ငြိမ်တာ။ဒီသူငယ်ချင်းမလေးနဲ့သာဆို ဆဲလိုဆိုလိုက်ထုလိုက်ရိုက်လိုက်နဲ့ စွာလည်းစွာတတ်သည်။

ထူးပန်
ပြောရင်း မှ ဘေးနားက ပုံမှန်မဟုတ်သောမှိုရတဲ့ မျက်နှာနဲ့ စပ်ဖြီးဖြီး သူမမျက်နှာကို သူသေချာကြည့်လိုက်ပြီး ထထိုင်လိုက်သည်။

"ဆို.......ငါ့အိမ်လာပြီး
ငါ့ကိုနှောက်ယှက်ရတဲ့ ကိစ္စက"ထိုအခါမှ ဒင်းမျက်နှာက ခုနကထက်ပို၍ စပ်ဖြီးကာ........

"ဟို......ငါ.....ငါ....."

"ငါဘာဖြစ်လဲ ပြော
စကားပြောဖို့အရေး အီး ဖင်ဝ တစ်နေသလို တစ်မနေနဲ့"

"အေး ပြောမယ် သေနာလေး ရဲ့
ငါ ဘဲရနေပြီ...... "
ပြောဆိုတော့လဲ ပြောချလာသည့် စကားက
ခွီး....ဟာသတွေ......။

"ဟမ်....... ဘယ်လိုနင်က......ဘဲရနေပြီ
ဟားးးဟားးးးးးး ဟားဟား နင်က....
နင့်လိုလူကို ကြိုက်တဲ့သူ က
ရှိသေးတယ်အမလေး ငါလေး မရီချင်ပါဘူးဆို
ဟားဟားဟား........ "ပြောရင်း ဗိုက်နှိပ်ကာ ရီနေသော သူ့ကို Sandi က မျက်စောင်းထိုးလာသည်။

"အေးးးရီ....ရီ....
သေအောင်ရီ  ရီရင်းနဲ့ သေသွား နားအေးတယ်
တော်ပြီဟာ မပြောတော့ဘူး ပြန်တော့မယ်.....
ငါ့အသည်းလေးချစ်ချစ်နဲ့ပဲ အလွမ်းပြေဖုန်းပြောတော့မယ်"ပြောပြီးထပြန်ရန်ပြင်နေသော Sandi လက်ကိုဆွဲ၍ သူပြန်ထိုင်စေလိုက်သည်။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now