💝27💝

9.9K 722 50
                                    

******Zawgyi*******

စိုင်းဒီနေ့ အစောကြီး နိုးနေသည်။အကြောင်းက သူဒီနေ့ MDY Uni အတွင်းသို့ ပထမဆုံး ခြေချမည့်နေ့မို့။ခုမှ ပထမဆုံး Uni တက်မည့် First year ကျောင်းသားလေးတစ်ယောက် မဟုတ်ပေမဲ့လဲ MDY Uni အတွင်းကိုက ပထဆုံး ခြေလှမ်းခြင်းမဟုတ်လား....သူအနည်းငယ်တော့ စိတ်လှုပ်ရှားမိတာအမှန်။

ဆောင်းမနက်ခင်းက အေးလွန်းပေမဲ့ သူ ရေပူရေအေးစပ်ကာ ချိုးရသည်။နောက်
အပြာနုရောင် ရှပ်လက်ရှည်လေးနဲ့ အပြာရောင်ကွပ်စိတ် ပုဆိုးလေးကို တွဲဖတ် ဝင်ဆင်လိုက်တော့ ဖြူနုသော သူ့အသားရေနဲ့ တင့်တယ်စွာ လိုက်ဖတ်လွန်းနေသည်။ဆံပင်ကို စိတ်ကြိုက်ပုံအသွင်းပြီးမှာတော့ သူ ကိုကို့ကို ဖုန်းဆတ်လှမ်းနှိုးရသည်။ကိုကို နိုးတာ သေချာကာမှ အောက်ထပ်ဆင်းလာပြီး တီလေးပြင်ပေးတဲ့ မနက်စာကို အေးဆေးထိုင်စားရင်း ကိုကို့ကို စောင့်နေလိုက်သည်။

သူလည်း စားပြီးသွားတော့ သိပ်မကြာ ခြံရှေ့မှာ ကိုကို့ ဆိုင်ကယ်ဟွန်းသံကြားတော့ သူကျောပိုးအိတ်လေး ကောက်ယူကာ ထွက်လာခဲ့သည်။သူ အိမ်ထဲက ထွက်လာကတည်းက ခြံဝမှာပဲ ဆိုင်ကယ်ကို ခွရပ်ရင်း စိုင်းသိပ်မြတ်နိုးတဲ့ မျက်ခုံးတန်းလေးတွေက တွန့်ချိုးနေသည်။စိုင်း ကိုကို့ နားရောက်တော့ ထိုမျက်ခုံးတန်းလေးတွေကို ဖွဖွလေး နမ်းလိုက်ပြီး အနမ်းနဲ့ ပြေလျော့စေကာ.....

"အဲဒါဘာဖြစ်နေတာလဲ ကိုကို.....ဘာတွေအလိုမကျ ဖြစ်နေတာလဲ.....မောင်ဇွတ်နှိုးလို့လားဟင်....."

"ကျောင်းသွားမှာကို အဲလောက်ထိ ပြင်ထားစရာ လိုလို့လား..... ဘာလို့ ဒီလောက်ထိ ကြော့ရှင်းနေအောင်
ဝတ်စားထားရတာလဲ.... "ဆိုကာ စိုင်းရဲ့ သန့်ပြန့်နေတဲ့ အဝတ်စားတွေကို သာ မျက်မှောင်ကျူတ်ကာ ကြည့်မိပြန်သည်။

ထိုအခါမှ စိုင်းက သဘောတကျ ရယ်ကာ စူပုပ်နေတဲ့ ကိုကို့ မျက်နှာချောချောလေးကို သူ့လက်ဖဝါးတော် နုနုလေးနဲ့ ထွေးဆုပ်ကိုင်ကာ မော့ယူပြီး နောက်တစ်ကြိမ် မျက်ခုံးတန်းလေးတွေကို နမ်းလိုက်သည်။နောက်...ထိုမှတစ်ဆင့် ပိတ်ကျသွားတဲ့ ကိုကို့မျက်ခွံ မို့မို့လေးတွေထံလည်း ညင်သာစွာ ဖွဖွနမ်းရင်း အကြည့်က နှုတ်ခမ်းဖူးလေးတွေဆီရောက်တော့ ထိုနှုတ်ခမ်းဖူးလေးကို ကြာမြင့်စွာ နမ်းရှိုက်မိပြန်သည်။အတန်ကြာမှ သူခွာလိုက်တော့ ကိုကိုကလည်းသူ့မျက်ဝန်းလေးတွေထံ အကြည့်ချင်းဆုံစေသည်။စိုင်း သွားတက်လေးလက်ခနဲပေါ်သွားသည်အထိ ပြုံးလိုက်ကာ.....

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now