💝28💝

10.2K 822 57
                                    

*****Zawgyi******

စိုင်း....စာသင်ချိန်တစ်ချိန်တောင် မကုန်သေး....
ကိုကို့ကို လွမ်းလာမိသည်။တစ်ချိန်လုံး အနားမှာ မခွဲမခွာရှိနေခဲ့ကြတာမို့ ခုလို တခနလေးခွဲရတာကို လွမ်းနေမိတာ သူမလွန်ပါ။အစက အာရုံစူးစိုက်နားထောင်နေခဲ့သော စာများသည်လဲ ခုချိန် နားထဲ ဝင်တစ်ချက်မဝင်တစ်ချက်ပင်။

💌ကိုကို.....ဘာလုပ်နေလဲ.....လွမ်းတယ်ကိုကို...💌

💌အင်း......ကိုလည်းလွမ်းတယ်......စာကိုသေချာလိုက်မှတ်နော်.....စာထဲသေချာအာရုံစိုက်၊တခြားအာရုံများဖို့ မစဉ်းစားနဲ့ ခဗျားလေး....
ဒီမှာတွေ့တယ်နော်👊💌ဆိုသည့် ပြန်စာ လေးကြောင့် ရင်ထဲကြည်နူးမှုအဟုန်က လှိုက်တက်လာကာ ရယ်မိသည်။

ဒါကို ဘေးနားရှိ ဝက်စုတ်က မဲ့၍ ရွဲ့၍ မျက်စောင်းထိုးသေးသည်။သူများတွေ ချစ်တာကို မနာလိုနေတာ သူလည်းချစ်ရမဲ့သူ ရှိရက်နဲ့။စိုင်းကျော်ကြီးကို ပြန်လည်မျက်စောင်းထိုးလိုက်တော့.....သူ့ကို ပြုံးစစနဲ့ လှည့်ကြည့်လှည့်ကြည့်လုပ်နေသည့် မိန်းကလေးတစ်ချို့ကို တွေ့ရသည်။သူ မသိကျိုးကျွံပြုကာ စိတ်မပါသော်ငြား ရှေ့က Teacher ထံသာ အာရုံပြုနေလိုက်သည်။

ဒါတောင် အတွေးထဲဝင်လာသည်က ကိုကို ။သူ့ကို ချက်ချင်း Rp ပြန်ပုံထောက်လျှင် ဖုန်းကိုင်ပြီး Drama တွေများကြည့်နေပြန်ပီလား......။ကြာရင် မျက်လုံးထိမှာစိုးလို့ ဒီ Drama တွေ အကြည့်လျှော့ဖို့ ပြောထားတာကို....ကိုကိုတစ်ယောက်နဲ့တော့ခက်ပါတယ်။အစကတည်းက စာသင်ခြင်းဆီအာရုံမရှိတော့သည့် စိုင်းတစ်ယောက် နောက်ဆံတင်းခြင်းများနဲ့........လူကသာစာသင်ခန်းထဲ စိတ်က ကိုကို့ဆီပင်ဖြစ်နေသည်။

💌ကိုကို ဘာလုပ်နေတာလဲ Drama တွေကြည့်နေပြန်ပြီလား..... ကိုကို့ကို အဲဒါတွေ အကြည့်လျှော့ဖို့ မောင်ပြောထားတယ်လေ....💌ဒီတစ်ခါလဲ သိပ်မကြာပြန်လာသည့်စာက......

💌မဟုတ်ရပါဘူး....ငရစ်ကလေးရယ်
ကို မေမေ့ဆိုင်ရောက်နေတာပါ......မင်းမရှိတော့ ကိုလည်း အိမ်မှာ မနေချင်ဘူး မင်းကိုပဲ လွမ်းနေမိမှာစိုးလို့
မေမေ့ကို ဆိုင်ကူထိုင်နေပေးတာ......ခဗျားလေး စာလိုက်မမှတ်ဘူးလား.....ကို့ကို ချစ်ရင် စာကို အာရုံစိုက်နားထောင်နော်.....စိုင်း ဖေဖေကို ဘယ်လိုကတိပေးထားခဲ့လဲ မမေ့နဲ့.....💌ဟုတ်သည် ။သူဖေဖေ့ကို ကတိပေးထားခဲ့တာကို ကိုကို့ကို ပြောပြခဲ့တော့ ကိုကိုက သူ ဒီတစ်နှစ်လဲ ကျမှာကို သူ့ထက်ပို စိုးရိမ်နေခဲ့သည်။ထိုအကြောင်း သိပြီးကတည်းက တစ်ဖွဖွသတိပေး ပြောခဲ့သည်က "ဒီနှစ်အောင်မှ ဖြစ်မှာနော် "ဆိုသည့်စကား....။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Donde viven las historias. Descúbrelo ahora