💝29💝

11.2K 708 54
                                    

****Zawgyi****

ထူးပန်စိုင်းကိုကြိုဖို့အစောကြီးထွက်လာခဲ့လိုက်ရာ သူကျောင်းသို့ရောက်တော့ စိုင်းက အတန်းမပီးသေးပေ။ဒါနဲ့သူလည်း.....

💌ကိုရောက်နေပြီနော်....မနက်ကနေရာမှာပဲစောင့်နေမယ် အတန်းမပြီးဘဲ လစ်မလာနဲ့အုန်း.....💌စိုင်းဆီစာပို့ပြီး.....သူလည်းမတင်ဖြစ်တာကြာပြီ ဖြစ်တဲ့ စုထားသည့် အစဆုံးရပြီးဖြစ်တဲ့  K Seriesတွေကို Page ကမန်ဘာတွေကျေနပ်အောင်တင်ပေးနေလိုက်သည်။သူဖုန်းထဲ ဈာန်ဝင်နေတုန်း အနားရောက်လာတဲ့ခပ်သင်းသင်းရေမွှေးနံ့ကြောင့် မော့ကြည့်လိုက်တော့ ဖူးပွင့်သော်။

"ဪ.....ဖူးပွင့်သော်
အတန်းပြီးပြီလား....."

"အင်း.......ဖူးက ပြီးနေတာကြာပြီ စိုင်းတို့ထက် တစ်ချိန်စောပြီးတော့ အဲဒါစိုင်းကိုစောင့်ရင်း....ကန်တင်းကိုသူငယ်ချင်းအသစ်တွေနဲ့ မုန့်သွားစားတာလေ.....ဒါ ဖူးရဲ့ သူငယ်ချင်းအသစ်တွေပေါ့....."ဆိုကာ သူမနဲ့အတူပါလာသည့် ကောင်မလေးများနှင့်မိတ်ဆက်ပေးနေရာ ထူးပန်အလိုက်သင့်ပင် ပြန်လည်မိတ်ဆက်လိုက်သည်။

စိုင်းအတန်းချိန်ပြီးလို့ ထွက်လာရာ ဆိုင်ကယ်စတန်းနားရောက်တော့ ကိုကို့နား ပတ်လည်ဝိုင်းနေတဲ့ မိန်းကလေးများကြောင့် အလိုမကျစိတ်နဲ့အတူ ခြေလှမ်းကို မပြေးရုံတမယ် ဖြင့် အရောက်လှမ်းမိသည်။ထိုအနားရောက်တော့ ယောကျာ်းတန်မဲ့ ဆွဲဆောင်မှုရှိလွန်းသည် ဆိုသည့် နှုတ်ခမ်းပါးများက အပေါ်သို့တစ်ချက်မဲ့ရုံပင့်တက်သွားပြီး.......ကိုကို့ကို နောက်ကနေ ခုန်အုပ်၍ ကျောပိုးစီးလိုက်သည်။

ရုတ်တရတ် အနေထားမို့ ထူးပန်မှာ လဲမယောင်ဖြစ်သွားရပါသည်။သို့သော် သန်မာ၍ကြံခိုင်ကျစ်လစ်သော သူပေမို့သာ သူလဲမကျသွားဘဲ တောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်။သူသိလိုက်ပါသည် သူ့ကျောပေါ်က အကောင်ဆိုးလေးမှာ စိုင်းဟိန်းထက် မှလွဲတခြားသူဖြစ်နိုင်ပါအုန်းမည်လား။နောက်ဒီကောင်လေး ဘာကြောင့်ဒီလိုပြုလုပ်ရခြင်းကိုလည်းရိပ်စားမိသောကြောင့် ထူးပန်သည်လဲ ပြုံးမိရသည်။ဒါကို ကျောပေါ်က ဒင်းလေးက မြင်ဖြစ်အောင် မြင်လိုက်ပြီး....

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)حيث تعيش القصص. اكتشف الآن