💝15💝

17.5K 1.1K 36
                                    

*****Zawg&Uni*****

*****Zawgyi*****

ထူးပန်

စိုင်းတို့အိမ်ရှေ့ရောက်တော့ နောက်က ကလေးက သူ့ကိုဖတ်တွယ်ရင်း အိပ်ပျော်နေချေပြီ။သူ့ခမျာ ငိုရတာ မောသွားရှာပြီထင်ပါရဲ့.....

"စိုင်း......စိုင်း
ထတော့.....အိမ်ရောက်နေပြီ"သူအသာလေးလှုပ်နှိုးကာမှ အင်း အင်း...အဲအဲ နဲ့နိုးလားသည်။သူ....ဆိုင်ကယ်ကို စိုင်းဆီပြောင်းပေးလိုက်ပြီး.....

"ကို....သွားပြီနော်.....
အော်.....နေအုန်း အိမ်ထဲရောက်ရင် ရေနွေးပူပူလေး နဲ့ ဆေးသောက်လိုက်အုန်း ပြီးနွေးနွေးထွေးထွေး
နေပြီး ခနလောက်ပြန်အိပ်လိုက်နော်"

"အွင်း......"သူမှာတာကို အိပ်ချင်မူးတူးလေးနဲ့ ခေါင်းညိမ့်နာခံနေတဲ့ ကောင်လေးကို ပါးလေးတစ်ဖက် ဆွဲညှစ်ကာ သူ....အိမ်ထဲဝင်သွားသည်ထိ ကြည့်ပြီးမှ သူလည်းပြန်လာခဲ့လိုက်သည်။ထူးပန် အိမ်ပြန်ရောက်တော့ မေမေက နိုးတောင် နေချေပြီ ။

"သား.....ဘယ်ကပြန်လာတာလဲ ဒေါ်တူးက
ပြောတယ် သား....ရေကြီးသုတ်ပျာနဲ့ ထွက်သွားတယ်ဆိုလို့ မေမေက စိတ်ပူနေတာ"

"အဲ.....ဒေါ်တူးကလည်းလေ မသိတာကြ
သားခါတိုင်းလည်းတစ်ခါတစ်လေ မနက်ပိုင်း ထပြေးနေကြကို "

"မေမေလည်း ထင်မိပါတယ်
ဒါပေမဲ့ ဒေါ်တူးပြောတဲ့ပုံက...."

"သားတွက် အလကားသပ်သပ်မေမေ့ကို စိတ်ပူသွားစေပြီ"

"အော်.......ဒါနဲ့ သား
ဒီနေ့ ဘယ်သွားစရာ ရှိသေးလဲ "

"မရှိပါဘူး.....မေမေ
မေမေဘာခိုင်းစရာရှိလို့လဲ"

"အင်း.....ခိုင်းစရာမရှိပါဘူးသားရယ်
သားသွားစရာမရှိရင် ဒီနေ့သားကားကိုမေမေ့ပေးသုံးအုန်းမေမေ့ကားက မနေ့ကဝပ်ရှော့ပို့ထားရတယ် "

"တို့မေမေကတော့လေ သားကဘာများလဲလို့
ယူသွားရတယ် သားဖြင့် ကားကို မသုံးဖြစ်ဘူး
တစ်နေရာရာသွားစရာရှိလည်း ဆိုင်ကယ်ရှိနေတာပဲကို"

"ဟုတ်ပြီ.....ဒါဆို
သားကား မေမေယူသွားမယ်"

"မေမေ့သဘော......မေမေကြိုက်တဲ့ချိန် ယူသုံး"

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now