💝53💝

11.2K 708 94
                                    

******Zawgyi******

စိုင်းအစီစဉ်တိုင်း စိုင်းမေမေကပါ Mdy လိုက်ခဲ့တာမို့ လူကြီးများကတစ်စီး လူငယ်များကတစ်စီးနဲ့ အပြန်ခရီးမှာ ပြန်ခတ်ခတ်ရင်း အောင်မန်းနဲ့ကလောကိုပါ ဝင်ခဲ့ကြသေးသည်။တစ်နေရာရောက်တိုင်း Live လွှင့်လိုက် ပျော်မြူးလိုက်ကြနဲ့ အပျော်ကြီးပျော်ကာ ကဲကြသဲကြသာ သူတို့ကို ကျန်ခဲ့ရသော မငြိမ်းကတော့ ဆဲလို့ငိုလို့မပြီးပေ။သူတစ်ယောက်ကျန်ခဲ့ရသည်မို့ သူလည်းပျော်ချင်ရှာကာ မနာလိုတွေဖြစ်နေရှာမှာပေါ့.....။

မန်းလေးပြန်ရောက်တော့ ရာသီဥတုကလည်း သိသိသာသာပူလာတာရော၊ခရီးတွေလည်းပန်းတာရောကြောင့်
စိုင်းတစ်ယောက်မှာ ဖျားပါလေတော့သည်။နဂိုကတည်းကမှ ချွဲစိန်ပါဆို နေမကောင်းတော့ .ငစိုင်းတို့ချွဲတာ ချွဲတာများဘာပြောကောင်းမလဲဗျာ...။
ထူးပန်တစ်ယောက် ကလေးထိန်းရသည်ထက်ကို ပိုဆိုးနေတော့သည်။

ဒင်းလေးက
ကိုယ့်အိမ်လိုက်နေပါဆိုတော့လည်း မဟုတ်။မေမေရှိနေတာ (သူမေ့မေပါလာတာကိုပြောတာ)ဘယ်လိုလိုက်နေရမလဲတဲ့....။ကိုယ့်ကြသူ့အိမ်ကနေ ခနလေးကို အပြန်မခံ။ခနတဖြုတ်ပြန်တာလေးကို နာရီဝက်လောက်များမကြာလိုက်နဲ့ ဖုန်းတွေဆက်တိုက်ခေါ်ကာ သူ့ဆီပြန်မလာမချင်း ရစ်လေသည်။ဒါကြောင့် သူ့မှာ ကိုယ်အိမ့်ကို ဖင်ပူအောင်မကပ်နိုင် သူ့ဆီ ပြန်ပြေးရကာ.....ရောက်တော့လည်းဒင်း ကောက်တော်မူသမျှ ချော့ရတာက မပြီးနိုင်မစီးနိုင်။၃/၄ရက်လောက်ထိ ကို ဒီဒဏ်တွေခံပြီးနောက်မှာတော့ အဆိုးလေးလည်းနေပြန်ကောင်းလာခဲ့လေပြီ။

ထူးပန်
ဒီနေ့တော့ အိမ်မှာပဲ နားရအုန်းမယ် စိတ်ကူးကာ.....စိုင်းဆီမသွားတော့ဘူး ဆုံးဖြတ်ထားသည်။ဒါကြောင့် နိုးနေသော်လဲ အိပ်ယာထက် ဆက်ပြီးခွေနေလိုက်သည်။

စိုင်း......
ခါတိုင်း ဒီချိန်ဆို ကိုကိုရောက်လာကာ သူ့ဝေယျာဝစ္စ အကုန် ကိုကို ပဲလုပ်ပေးသည်။ဖျားနေတာလေး အကြောင်းပြပြီး ချွဲကောင်း ဆိုးကောင်းနေခဲ့တာများ...ဟီဟီ....တစ်လောကလုံး ကိုကိုနဲ့သူ သာရှိနေသလို.....။မေမေနဲ့တီလေးတောင် သူတို့ကိုလွှတ်ပေးထားရသည်။ ခု ကိုယ်က နေကောင်းသွားတာနဲ့ ဒီချိန်ထိသူကရောက်မလာတော့....ကိုယ်ကပဲ သူရှိရာသွားရမှာပေါ့....။

မောင့်ကိုချစ်သော"ကို"♥️မောင့်ကိုချစ်သော"ကို" (Z&U)(Complete)Where stories live. Discover now