ချစ် အတ္တ - 45

Start from the beginning
                                    

ထို့ကြောင့် ရီပေါ်က .....

"ကိုကိုနဲ့ ကျွန်တော်က လက်ထက်ထားတာဗျ ကျွန်တော့်မှာ ဒီ‌ရောဂါရှိနေတာကို သိပြီးတဲ့အချိန်
ကျွန်တော် ကိုကို့ကို တစ်ယောက်ထဲ ထားခဲ့ရမှာ ကြောက်‌နေခဲ့မိတယ် ဒါကြောင့် ကိုကို့ကို ရောဂါအကြောင်းဘာမှ မပြောပြပဲ ကိုကိုနဲ့ခပ်ဝေးဝေးနေခဲ့ပြီး ‌ ရောဂါကုဖို့ ကြိုးစားခဲ့တယ်.....ရောဂါ ကုဖို့အတွက် ငွေကြေးရယ် ၊နှလုံးအလှူရှင်ရယ် လိုတာကြောင့်
ကျွန်တော် ငွေ‌ကိုသည်းကြီးမည်းကြီး ရှာခဲ့တယ်.....
ကိုကို့ကိုလည်း အမြဲနာကျင်အောင် ၊ခံစားရအောင် ၊မျက်ရည်ကျရအောင် လုပ်မိခဲ့တယ်......

ဒါပေမဲ့ ဒီဒဏ်တွေကို ကိုကိုကမခံစားနိုင်တော့ဘူးထင်ပါရဲ့ .....
လအနည်းငယ်ကြာတော့ ကိုကိုက သူ့မွေးနေ့မှာ
သူ့ ကိုအချိန်ပေးဖို့ ပြောတယ် ပြီးတော့ ကျွန်နော်ကိုလည်း သူ အရမ်းချစ်တဲ့ အကြောင်းတွေကို ပြောပြခဲ့တယ်.....
ဒါပေမဲ့ နောက်တစ်နေ့မနက်မှာပဲ ကိုကိုက ကျွန်တော့်ရှေ့ ‌ကွာရှင်စာချုပ်နဲ့အတူ ဘောပင်တစ်ချောင်း လာထိုးပေးခဲ့ပြီး.....
အိမ်ကထွက်သွားခဲ့တယ်..........
ကျွန်တော် ကို့ကို့ကို အတတ်နိုင်ဆုံး ရှာခဲ့ပေမဲ့ ကိုကို့ကို မတွေ့ တဲ့အပြင် သတင်းတွေတောင်  မကြားခဲ့ရဘူး ........
ကိုကို့ရဲ့ ဖုန်းနံပါတ်ကို အခါခါဆက်လည်း မအောင်မြင်ခဲ့ဘူး.......တစ်နေ့ အဲ့တစ်နေ့ တစ်နှစ်ကြာပြီး အဲ့တစ်နေ့မှာ ကိုကို့ဆီက ဖုန်းဝင်လာခဲ့တယ်......အဲ့အချိန်မှာ ကျွန်တော် ကိုကို့ကို မျက်ရည်ကျအောင်လုပ်ခဲ့မိတဲ့ အတွက် တောင်းပန်ပြီး ကိုကို့ကို ချစ်နေ‌သေး‌ကြောင်း ‌ပြောပြခဲ့တယ်.....
ဒါပေမဲ့ ကိုကို့ဆီက ကြားခဲ့ရတာက .....
အိမ်ထောင်ကျသွားခဲ့ပြီးတဲ့.....နှုတ်ဆက်ခဲ့ပါတယ်တဲ့

အဲ့နေ့ကစပြီး .......
ကျွန်တော် အသက်ရှင်ချင်တဲ့စိတ်လေး တစ်စက်မှ မရှိတော့တာ.....အဲ့တာကြောင့် ကျွန်တော့်ရဲ့ ရောဂါက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာခဲ့ပြီး
အခု ဒီဆေးရုံကို ရောက်ခဲ့ရတာပဲ......"

ခလော်😴 ....ခလော်.....😴.....

ရီပေါ်၏ စကားအဆုံး  ဘေးအဆောက်အဦးမှ
ဟောက်နေသော  အသံကိုကြားနေရသဖြင့်
ရီပေါ်လည်း ဘာမှဆက်မပြောတော့ဘဲ အိပ်ယာဝင်ခဲ့လေသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now