Part 25(Unprepared)

3.4K 267 39
                                    

Unicode

ပေကျံနေတဲ့ အင်္ကျီတွေကိုလဲ ခြေလက်ဆေးကာ Saintက ခုတင်ပေါ်တွင် မှေးနေပြီး Perthကတော့ Saintဘေးတွင် ထိုင်နေသည်။ စားပွဲပေါ်တွင် Saintသောက်ရန်ဆေးအချို့နှင့်ရေတစ်ခွက်ရှိသည်။

"ဆေးရုံမသွားလို့ရရဲ့လား Saint.... နာနေသေးလား "

"ရတယ်... သက်သာနေပါပြီ"

Saintမျက်လုံးကို မဖွင့်ပဲဖြေနေတာမို့ Perth မျက်နှာပေါ်က စိုးရိမ်ရိပ်ရေးရေးကို မမြင်နိုင်ခဲ့.....

ခဏတာတိတ်ဆိတ်သွားချိန် Perth အာရုံက Saint ဘယ်ဘက်လက်ညှိုးလေးဆီအာရုံရောက်သွားသည်။ သွေးမထွက်တော့ပေမယ့် အနည်းငယ်ဟနေတဲ့ ဒဏ်ရာကိုတွေ့တော့ စားပွဲပေါ်ရှိ ဆေးသေတ္တာထဲက အနာကပ်ပလာစတာတစ်ခုကို ယူလိုက်သည်။

သူကိုယ်တိုင်ပေးခဲ့တဲ့ ဒဏ်ရာဖြစ်တာကြောင့် မချင့်မရဲနဲ့ Saintလက်ကို လှမ်းယူဖို့ရှိသေး.....

ဒေါက်!!!ဒေါက်!!!ဒေါက်!!!

တံခါးခေါက်သံကြောင့် Saint မျက်လုံးပွင့်လာတာကြောင့် Perth သူ့လက်ကိုဖွက်လိုက်ပြီး ပတာစတာကို ကြမ်းပြင်သို့ မသိမသာပစ်ချလိုက်သည်။

"အစ်ကိုလေး..... ဖွားက ထမင်းစားဖို့ ခေါ်ခိုင်းလိုက်ပါတယ်"

"အေးအေး.... လာခဲ့မယ်"

အခန်းအပြင်က ကောင်မလေးကို အသံပြုပြီးတာနဲ့ Saintဘက်သို့ လှည့်ကြည့်လိုက်သည်။

" ညစာဘာစားမလဲ.... ထမင်းမစားချင်ရင် တစ်ခုခုလုပ်ခိုင်းလိုက်ရမလား... အောက်ဆင်းနိုင်လား.... အခန်းထဲမှာပဲ စားမလား...."

Perthရဲ့ တရစပ် မေးခွန်းတွေကို Saint မအံ့သြမိတော့ပါ... ဒီလိုပဲ စိတ်တိုရင် ဒဏ်ရာပေးလိုက် စိုးရိမ်ရင် ဂရုစိုက်ပေးလိုက်နဲ့မို့....

"အဲ့လောက် ဂရုစိုက်စရာ မလိုပါဘူး.... ဆင်းနှင့်ပါ ကျွန်တော် လာခဲ့မယ်"

Saint ဘက်က တစိမ်းဆန်ဆန် ခွန်းတုံ့ပြန်မှုကြောင့် Perth စိတ်မကောင်းဖြစ်သွားသလို စိတ်လည်းတိုမိသည်။ ကြာကြာဆက်နေရင် ထို​​ရော​ထွေးနေတဲ့ စိတ်တွေက ဒေါသအ​​ဖြစ်ပြောင်းလဲကုန်မှာစိုး၍ သူအရင်ဆင်းနှင့်လာလိုက်သည်။

Love (completed)Where stories live. Discover now