ချစ် အတ္တ -42

Começar do início
                                    

ရှောင်ကျန့်က ရီပေါ်၏ကျန်လက်တစ်ဖက်အား ဆွဲထား၍........

"ဘယ်ကို သွားကြမလို့လဲ ကလေး?...."

"အပြင်ထွက်မလို့လေ...."

"အာ !.....မသွားပါနဲ့ဦးလား ....
ရီပေါ်က နေမှသိပ်မကောင်းသေးတာ.....
တော်ကြာ ပြန်ဖျားနေရင် ဘယ်လိုလုပ်မလဲ?....."

"ရတယ် ဘာမှမဖြစ်ဘူး....
စိတ်ပူပြမနေနဲ့ ကျွန်တော့်မှာ ကျွန်တော့်ကို
ဂရုစိုက်မဲ့ ကိုကို ရှိတယ်.....ခင်ဗျားသာ ကိုယ့်ကောင်မလေးကိုယ် ဂရုစိုက်....."

"အာ!!...."

"ရှင်!!....."

"ရီပေါ်!!...သူက ရီပေါ်ထင်သလို ကိုယ်နှင့်
ဘာမှ မဆိုင်ပါဘူး....."

"ဆိုင်တာ မဆိုင်တာ ခင်ဗျားတို့ ကိစ္စပါ....
ကျွန်တော်နဲ့ မဆိုင်ဘူး......တော်ပြီးဗျ
ကျွန်တော်အပြင်သွားတော့မယ် အချိန်တွေ
လင့်နေပြီး......" ဟု ပြောကာ ရီပေါ် သူ၏လက်အားဆွဲထားသော ရှောင်ကျန့်၏လက်ကို
ခါထုတ်လိုက်ပြီး ဝမ်ချောင်လက်ကို ဆွဲကာ အပြင်သို့
ထွက်သွားလေသည်။

ရီပေါ်တို့ ထွက်သွားမှ ရှောင်ကျန့်က ထိုကောင်မလေးအား အားနာနာနှင့် တောင်းပန်ရလေသည်။

"ခုဏက သူပြောတာတွေအတွက် တောင်းပန်ပါတယ်ဗျာ ......"

"ဟုတ် ........ရပါတယ်
ဒါဖြင့် ကျွန်မလည်း အလုပ်ရှိသေးလို့
ပြန်ပါဦးမယ် ...."

"ဟုတ်ကဲ့...."

ထိုကောင်မလေးလည်း  ကားမောင်းပြီးထွက်သွားတော့မှ
ရီပေါ်နှင့် ဝမ်ချောင်တို့ သစ်ပင်အကွယ်
တစ်နေရာတွင် ပုန်းနေရာမှ ထွက်လာခဲ့လေသည်။

"ဟူး !....ကော
သူက လှလည်းလှတယ် ပိုက်ဆံလည်း
ရှိမဲ့ပုံလေးနော်....."

"အင်း......ဒါပေမဲ့ .." ဟု ဆိုကာ အသံတိတ်သွားသော ဝမ်ချောင်ကို ရီပေါ်က ......

"ဒါပေမဲ့ ဘာဖြစ်လဲ ကော ?...."

"ဒါပေမဲ့ ရှောင်ကျန့်က ရီပေါ်ကိုပဲ ချစ်တာလေ.....
အဲ့တာကြောင့် အားငယ်စရာတွေ ဘာမှမတွေးနဲ့ ......
ပိုက်ဆံရှာမယ် ၊ပြီးရင် နှလုံးအလှူရှင်ရှာပြီး နှလုံးအစားထိုးမယ် ....အဲ့ဒီအခါကျရင် ကော့ရဲ့ ညီလေးက ရှောင်ကျန့်ရဲ့ ရင်ခွင်ထဲပြန်ဝင်နေမယ်....
ဒါ‌ပဲလေ နောက်ဆုံးမှာ ဟက်ပီးအန်းဒင်း နဲ့ပဲ အဆုံးသတ်မှာပေါ့...…"

ချစ် အတ္တ ( Uni+ Zaw )Onde as histórias ganham vida. Descobre agora