ချစ် အတ္တ -41

Start from the beginning
                                    

"ရီပေါ်!!.....ကလေးလေး......
ကိုကို့ ရင်ထဲက အချစ်တွေကို
နည်းနည်းလောက် သိမ်းယူသွားပါဦး....!..
ကိုကို့မှာရှိတဲ့  ရီပေါ်အတွက် အချစ်တွေက
ဟော့ဒီရင်ဘတ်ကြီးနဲ့ မဆံ့တော့လို့ပါ.......
အဲ့လောက်ထိကို ကိုကိုက မင်းကိုချစ်တာပါ.....
အချစ်တွေက များပြားတာပါ....အပေါစားဆန်တာ
မဟုတ်ရပါဘူးကွာ....." ဟု ဆိုကာ ရှောင်ကျန့်တစ်ယောက် အရက်ခွက်လေးတင်သော
ဘားတန်းလေး‌ပေါ်သို့‌ ‌ခေါင်းငိုက်စိုက် သွားလေသည်။ တစ်စက်တည်း  မျက်ခွံအောက်မှ မျက်ရည်များကာ စားပွဲမျက်နှာပြင်ပေါ်သို့ ကျဆင်းသွားလေသည်။

.....….................................................................

ကလင်း....ကလင်း....ကလင်း......

"ဝေ.....ကော..."

"အင်း......ရီပေါ် ...
ဒီည ကောအိမ်ပြန်မလာဖြစ်ဘူးနော်
သူဋေးက မင်းမလာတော့ ကော့ကို အလုပ်တွေဖိခိုင်းနေလို့ ......."

"အော်!....အင်းပါ
ရပါတယ်......"

"ဒါနဲ့ ခြေထောက်ရော သက်သာလား?...
ကော အိမ်ပြန်လာခဲ့ရမလား?.....
ကော ညနေအိမ်ကထွက်လာတုန်းက
ရီပေါ် ကိုယ်တွေပူနေတယ်မလား?....
အခုရော ဘယ်လိုလဲ?....သက်သာလား?...."

"အင်း......ရတယ်ကော
သက်သာတယ်......အလုပ်သာ သေချာလုပ် "

"အင်း.....အဲ့ဆို ဒါပဲနော်....."

"ဟုတ်....." ရီပေါ်တစ်ယောက် ဖုန်းပြောပြီးပြီးချင်း ဖုန်းကိုလက်ထဲမှချကာ စောင်ပုံကြီးထဲတွင် နစ်နေအောင် တိုးဝင်လိုက်လေသည်။

"ချမ်းလိုက်တာ!.....ခေါင်းလည်းကိုက်တယ်....
အေးလည်းအေးတယ်.....ဒီအချိန်မှာသာ ကိုကို့ရင်ခွင်ထဲ ဝင်နေရရင် ဘယ်လောက်ကောင်းမလဲ?......." ဟု ရီပေါ်တစ်ယောက်တည်း ရေရွှတ်ပြီးမကြာခင်
ရီပေါ်၏မျက်ခွံများ လေးလံလာခဲ့ပြီး ရီပေါ်အိမ်မက်
ကမ္ဘာထဲသို့ ရောက်ရှိသွားလေသည်။

ရီပေါ်အိမ်မက်ထဲတွင်  ရှောင်ကျန့်က ရီပေါ်၏ခါးလေးကို ဆွဲဖက်ကာ
ရီပေါ်၏ကိုယ်လေးအား ရှောင်ကျန့်ရင်ခွင်ထဲသို့ ထည့်၍ နစ်‌နေအာင် ဖက်ထားလေသည်။ ထို့နောက် ရီပေါ်၏ နဖူး ၊ မျက်ခွံ ၊ပါး ၊ နှုတ်ခမ်း တို့ကို ရှောင်ကျန့်က နမ်းနေပြီး ရီပေါ်အား အရမ်းချစ်တယ်
ခွဲမသွားပါနဲ့ဟု ဝမ်နည်းကာတောင်းဆို‌နေသော ရှောင်ကျန့်၏အသံများလည်း ကြားနေရသေးသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now