ချစ် အတ္တ -38

Start from the beginning
                                    

"ကျစ်!.....ဒီလူအကြောင်း မပြောပါနဲ့ကိုကိုရာ....
အလကား....ငပေါကြီး.....နည်းနည်းလောက် လိမ်လိုက်တာနဲ့ အရူးလုံးလုံးကို ဖြစ်လို့......"

"ဟုတ်ပါပြီကွာ.....ဒါဆို ကိုကို မပြောတော့ဘူးနော်....."

"အင်း...."

"အချစ်က သူ့ကိုမချစ်ဘူးလား?.."

"ချစ်စရာလား?.....
အစကတည်းက ကစားစရာအရုပ်သက်သက်ပဲ....
ဝူရန်က ကျင့်လေးကို လိုချင်လို့ ....အချစ်ကို ပိုက်ဆံပေးပြီး ခိုင်းခဲ့တယ်.....အဲ့တာ‌ကြောင့်
သူနဲ့ ကျင့်လေးကိုပျက်သွားအောင် ကြားထဲကနေ အမျိုးမျိုးချွဲနွဲပြခဲ့တာ.....နောက်တော့ သူက ရုပ်ရည်လေးလည်းရှိ အလုပ်လေးလည်းရှိတော့ သူ့ကိုနွားလုပ်ခိုင်းရတာပေါ့......အချစ်လေး တော်တယ်မလားကိုကို?....."

"ဟား!...ဟား!....တော်ပါတယ်....
ကိုယ့်အချစ်လေးက အတော်ဆုံးပဲ.....
ဒါနဲ့ သူဒီကိစ္စတွေ သိသွားရင်‌ရော ....."

"သိပါစေပေါ့....ဂရုမစိုက်ပါဘူး....
အခုလည်း သူနဲ့မနေချင်တော့ပါဘူး....
ငြီးငွေ့ နေပြီး.....အဲ့တာကြောင့် မနေ့ညက သူ့ဆီကို
မသွားဘဲ တစ်ညလုံး ကိုကိုနဲ့အတူတူနေတာပေါ့..."
ဟု ရီပေါ်ကပြောလိုက်သောအခါ....... တစ်ဖက်လူက ရီပေါ်ခါးလေးအား တင်းကြပ်စွာ ဖက်ထားလိုက်၍.....

"အခုရော.....ကိုယ်နဲ့ အတူတူနေမှာလား?...."

"အင်း.....နောက်ခါ အဲ့ငတုံးအကြောင်း အချစ်ကို
မပြောနဲ့နော်....အချစ်နဲ့ ကိုကို တွေ့ တဲ့အချိန် သူ့အကြောင်းမတွေးချင်ဘူး....." ဟု ဆိုကာ နမ်းနေကြသော သူနှစ်ယောက်......

ထိုလူနှစ်ယောက်ကို ကြည့်ပြီး ‌ရှောင်ကျန့်ရင်များနာကျင်လာရသည်။
အံကို ကြိတ်ခါ မျက်ရည်များကို တင်းခံနေသော်လည်း အလိုက်မသိသည့် မျက်ရည်များက ပါးပြင်ပေါ်သို့ ကျဆင်းခဲ့လာသည်။

*လုပ်ရက်လိုက်တာ...ကလေးရယ်..
ကိုယ် ဘာဆက်လုပ်ရမလဲကို မသိတော့ဘူး.....
ကိုယ်မင်းဆီကို လာခဲ့တာ...ဒီစကားတွေ ကြားရဖို့မှ
မဟုတ်တာ......ဒါပေမဲ့ ဒီအခြေအနေကို ဖြစ်ဖို့လည်း
အခွင့်ရေးမပေးနိုင်ဘူး.....*

"ရီပေါ်!!!!!..........."

ရှောင်ကျန့်က အသံမာမာနဲ့ ခေါ်လိုက်သောကြောင့်
ရီပေါ်နှင့် ရှေ့ကလူ တို့နမ်းတာရပ်သွားကြပြီး....
ရှောင်ကျန့်အား ပြန်လည့်ကြည့်လာကြလေသည်။
ထိုအခါမှ ရှောင်ကျန့်က.....

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now