ချစ် အတ္တ - 36

Start from the beginning
                                    

...............................................................

"ကိုကို !!......"

"ရီပေါ် လာပြီးလာ?...."

"အင်း......"

"ရီပေါ်ရယ် တောင်းပန်ပါတယ်...
ကိုကို့ကြောင့်....ရီပေါ်လေး ညဘက်မှ လာရတယ်....."

"ရပါတယ် ကိုကိုကလည်း.....
ဘာမှ မဖြစ်ပါဘူး......."

"ဘာလို့ ဘာမှမဖြစ်ရမှာလဲ?....
ကိုကိုသာ အဲ့နေ့က မမူးရူးခဲ့ဘူးဆိုရင် အဲ့ကောင်မလေးနဲ့လည်း ဘာမြှဖစ်ခဲ့မှာ မဟုတ်ဘူး.....အခုတော့ ...." ပြောရင်းနှင့် ခေါင်းငုတ်သွားသော ရှောင်ကျန့်အား ရီပေါ် အနည်းငယ်တော့ အားနာမိသွားလေသည်။

ဒါပေမဲ့ ရှောင်ကျန့် မသိလိုက်တာ တစ်ခုရှိတယ်။အဲ့တာက ရှောင်ကျန့် လက်ထက်လိုက်တဲ့သူရဲ့နာမည်က ရီပေါ်ပဲဆိုတာကို သူ မကြည့်လိုက်မိတာပဲ......

"ကိုကို.....ဘာမှ စဉ်းစားမနေနဲ့တော့ ......
ဒီညက ချစ်သူများနေ့ ....ကျွန်တော်တို့ အပြင်ထွက်
လည်ရအောင်....." ဟု ရီပေါ်က  ပြောတော့
ရှောင်ကျန့်က နှစ်ခါမခေါ်ရ ။ချက်ချင်းပင် အနွေးထည်နှစ်ထည် ထုတ်၍ တစ်ထည်အား ရီပေါ်ကို ‌ပေးဝတ်ခဲ့ပြီး တစ်ထည်ကိုတော့ ရှောင်ကျန့် ဝတ်လိုက်လေသည်။

အိမ်မှကားနှင့် နှစ်ယောက်သား အပြင်ထွက်ချိန်သည် ညမိုးချုပ်နေပြီ ဖြစ်သော်လည်း ပွဲတော်ရက်မို့ လမ်းသွားလမ်းလားများက လမ်းမထက်တွင်
အသီသီးသွားလာနေကြသည်။ ထို့ကြောင့် ရီပေါ်လည်းလည်း ရှောင်ကျန့်လက်ကို တင်းတင်းဆုပ်ကိုင်၍ ပထမဦးဆုံး ကိတ်မုန့်ဆိုင်ကို ဝင်ခဲ့ကြသည်။

"ကိုကို !...ဘာကိတ်စားချင်လဲ?..."

"ဒူးရင်းသီး ကိတ်!..."

"အာ!.....ဒူးရင်းသီး ကိုကို မကြိုက်ဘူးဆို....
ဘာလို့မှာနေတာလဲ?...."

"ဘယ်သူပြောလဲ?...ကိုကို ဒူးရင်းသီးကိတ်မကြိုက်ဘူးလို့.....
ကိုကိုက ရီပေါ်ကို ချစ်မိသွားကတည်းက
ရီပေါ်ကြိုက်တဲ့အရာအားလုံး အလိုလို ကြိုက်သွားတာ......"

"အာ!....တကယ်ကြီးလာ?..."

"အင်း....တကယ်ပေါ့...."

"ဟီဟီ......"
ချစ်သူများနေ့မှာ ရီပေါ်တို့ ကိတ်မုန့်လေးစား စကားလေးပြောပြီး အချိန်များကို ကုန်စေခဲ့သည်။
ညသန်း‌ခေါင်ရောက်လာ‌သောအခါ ရှောင်ကျန့်တို့ လူရှင်း၍ တိတ်ဆိတ်သော  ကမ်း‌ခြေလေးတစ် ခုသို့  ကြယ်‌သွားကြည့်ရန် ရောက်လာခဲ့လေသည်။
ရီပေါ်နှင် ရှောင်ကျန့် ပင်လယ်ကမ်းစပ်တွင် လမ်းလျှောက်ပြီး ၊ ကောင်းကင်မှကြယ်များကို ကြည့်လိုက် ၊ ဖျာခင်း၍ မီးဖိုထားသော မီးပုံဘေးနားတွင် ဝင်ထိုင်လိုက်နှင့် နှစ်ယောက်သား  ပျော်ရွှင်‌နေ‌လေသည်။ ထို့နောက် အချိန်ခဏကြာသော အခါ  ရှောင်ကျန့်က ကားပေါ်မှ ဘီယာဘူးများနှင့် စောင်ပါးတစ်ထည်ယူလာ၍ မီးပုံဘေးတွင်နှစ်ယောက်သား ထိုင်သောက်နေကြလေသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now