ချစ် အတ္တ - 36

Start from the beginning
                                    

"အင်း......အဲ့တာဆို ကိုကိုက ရီပေါ်ကိုထွက်သွားလို့ ပြောတဲ့အခါလည်း ကိုကိုလက်ကို ဆွဲထားပေးပါနော်......"

ဝါး!!!!!!!!!

"အာ!.....ကိုကို အိပ်ငိုက်နေပြီလာ?...."

"ဒါဆို ကိုကိုအိပ်တော့လေ.....ကျွန်တော် စောင်ခြုံပေးမယ်......"

"ဟင်အင်း .....ကိုကို တစ်ယောက်ထဲ မအိပ်ချင်ဘူး........ရီပေါ် ကိုကို့ ဘေးမှာ လာအိပ်လေ......ကိုကို ရီပေါ်နဲ့အိပ်ချင်တယ်..." ဟု
ပြောရင်း ချွဲနေသော ရှောင်ကျန့်‌ကြောင့် ရီပေါ် ရှောင်ကျန့်၏ ‌ဘေးနား ဝင်လှဲလိုက်လေသည်။
ထို့နောက် ရှောင်ကျန့်က ရပေါါ်ရဲ့ ခါးလေးကို တင်းကြပ်စွာ ဖတ်ထားပြီး နဖူးလေးအား အနမ်းပေးကာ ရင်ခွင်ထဲထည့်ထားလိုက်‌လေသည်။
ထို့‌ကြောင့် ရီပေါ်လည်း ရှောင်ကျန့်၏ခါးလေးအား တင်းကြပ်စွာ ပြန်ဖက်ပြီး အိပ်စက်ခြင်းကို စတင်လိုက်လေသည်။

......…......................................................

မနက်မိုးလင်းတော့ ရီပေါ် ရှောင်ကျန့်ရဲ့နဖူးလေးအားး အနမ်းပေးပြီး အိပ်ယာထခဲ့သည်။ မိန်းကလေးလို ဟန်ဆောင်ပြီး ရှောင်ကျန့် စားသောက်ဖို့ ဟင်းချက်၍ စောင့်နေလေသည်။‌ရှောင်ကျန့် နိုးလာပြီး မနက်စာစားတိုင်း ရီပေါ်ကိုလည်း သေချာမကြည့် ၊ စကားလည်း သိပ်မပြောဘဲ တစ်ရှောင်ရှောင်နှင့်နေသည်။ အစကတော့ ဘာ‌ကြောင့်လဲ  ရီပေါ် စ‌ဉ်းစားမရပေမဲ့ နောက်ပိုင်း‌ရှောင်ကျန့် ရဲ့ အပြုအမူတွေက ရီ‌ပေါ်‌နေ့ခင်းဘက် မိန်းကလေးလို ဟန်ဆောင်တဲ့အချိန်
ရှောင်ကျန့်က တရှောင်ရှောင် နေတတ်ပြီး ၊ ညဘက် ရီပေါ်ပုံစံနှင့် သွားတွေ့ မှ ရီပေါ်ကို ဆိုးပြ ၊ စိတ်ကောက်ပြ၍ တစ်ခါတစ်လေ ရီပေါ်မိန်းကလေးလို ဟန်ဆောင်ထားမှန်းမသိဘဲရီ‌ပေါ်ဆီကို နေ့ခင်းဘက်မှ ကြုံခဲ့ရသည့် အကြောင်းများ အတင်းလာချတတ်လေ့ရှိသည်။

*ကျွန်‌တော် ရီချင်မိသည်။‌ကိုကိုက တကယ်ကို ကလေးပေါက်စလေး ၊ချစ်စရာလေးပါ....
ဒီပုံစံအတိုင်းသာဆိုရင် ကျွန်တော်ကိုကို့ဆီကို ပြန်လာသင့်နေပြီမလား?....

အဲ့တာ‌ကြောင့် ခဏလေးပဲစောင့်ပါ ကိုကို....
ကျွန်တော် အချိန်ခဏလောက်ယူပြီးရင် ကိုကို့ရဲ့
ယောက်ျားတစ်ယောက်အနေနဲ့ ပြန်လာခဲ့ပါ့မယ်...*

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now