ချစ်အတ္တ -32

Börja om från början
                                    

"ဒုန်း!.......ရွှီး.........."

ရှောင်ကျန့်တစ်ယောက် စကားပြောရင်းကားမောင်းနေတုန်း........
အရှေ့မှာ လမ်းဖြတ်ကူးနေသော လူတစ်ယောက်ကို ဝင်တိုက်မိသွားလေသည်။ ရှောင်ကျန့်နဲ့ ကျန်ချန်းတို့
ကားပေါ်မှဆင်းပြီး သွားကြည့်လိုက်တော့......
နဖူးမှာ သွေးအနည်းငယ်ထွက်‌နေပြီး ‌မေ့မျောနေသော ကောင်မလေးတစ်ယောက်ပင် ဖြစ်သည်။

*ကလေးရေ....ကိုယ်တို့ရဲ့ ကံကြမ္မာရေစက်ကို
သွယ်ပေးခဲ့တာလည်း ဒီလိုအခြေအနေမျိုးလေးပဲနော်!.....*
‌ရှောင်ကျန့်တစ်ယောက် ကားနှင့်တိုက်မိသော
သူကို ကြည့်ပြီး အတွေးများနေတာကြောင့်
ကျန်ချန်းက ရှောင်ကျန့်အား လှုပ်၍ခေါ်နေလေသည်။

"ရှောင်ကျန့်!....ရှောင်ကျန့်!...."

ကျန်ချန်းက အတင်းလှုပ်ခေါ်မှ ရှောင်ကျန့်တစ်ယောက်အသိကပ်လာခဲ့လေသည်။

"ဘာ!...ဘာလဲ?...."

"ငါပြောတာ ကြားလာ?..."

"ဘာပြောလိုက်တာလဲဟ?...."

"မင်းကတော့လေ....!!.
USမှာ ငါ့မားနေမကောင်းဘူးတဲ့
အဲ့တာဖုန်းဆက်လို့
ငါချက်ချင်းပြန်ရမယ်......အဲ့‌တော့ မင်းဒီကောင်မလေးကို ဆေးရုံလိုက်ပို့ပေးလိုက်ဦးဟ....ကားတော့ မင်းဘဲယူသွားလိုက်!....ငါလေယာဉ်လက်မှတ်
သွားဝယ်ရမှာမို့ သွားတော့မယ်ဟ......" ပြောရင်းနဲ့ တက္ကစီပေါ်ပြေးတက်သွားသော ကျန်ချန်းကို ရှောင်ကျန့်တစ်ယောက် ကြိမ်ဆဲနေမိသည်။

တစ်ဆက်တည်းမှာပဲ ရှောင်ကျန့် ထိုကောင်မလေးကို
ကားထဲသို့ ပွေ့ ချီလိုက်ပြီး ဆေးရုံသို့ ပို့ပေးလိုက်လေသည်။ဆေးရုံရောက်သော် သူနာပြုနှင့်ဆရာဝန်များက စမ်းသပ်ပြီး၍ ထိုကောင်မလေးအား ရိုးရိုးလူနာ‌ဆောင်သို့ ပြောင်းရွှေ့လိုက်လေသည်။

အိပ်ပျော်နေသော ကောင်မလေး၏မျက်နှာကို
ကြည့်ပြီး ရှောင်ကျန့်ရင်ထဲ နင့်လာခဲ့တယ်။ထိုကောင်မလေး၏ နဖူး ၊ နှုတ်ခမ်း ၊
မျက်လုံးနှင့် နှာတံတို့က ရှောင်ကျန့်ကို ရီပေါ်အား
ပို၍လွမ်းမိ‌‌စေသည်။ရှောင်ကျန့်စိတ်ထဲတွင်တော့.....

*မင်းက ဘယ်သူလဲ?....
ဘာလို့ မင်းရဲ့ပုံစံက ကလေးနဲ့ တူနေရတာလဲ?..မင်းနေရာမှ ကလေးဆိုရင် သိပ်ကောင်းမှာပဲကွာ.......အဲ့ခါကျရင် ငါ့ရင်ခွင်ထဲ
ထည့်ပြီးချိတ်ပိတ်ထားမှာ....*

ချစ် အတ္တ ( Uni+ Zaw )Där berättelser lever. Upptäck nu