ချစ် အတ္တ -30

Bắt đầu từ đầu
                                    

"မလုပ်ပါနဲ့!....ရီပေါ်....
ဘောပင်လေးကို အောက်ချလိုက်ပါနော်...
ရီပေါ်အတွက် အန္တရာယ်များလို့ပါ....." ဟု ပြောရင်း
တားနေသော ရှောင်ကျန့်အား....ရီပေါ်က

"ကိုကို!.......ကျေးဇူးပြု၍
ကျွန်တော့်ကို ထားခဲ့လိုက်ပါတော့.....
မဟုတ်ရင် ကိုကိုပဲစိတ်ပင်ပန်းနေလိမ့်မယ်..."
ပြောရင်း ရီပေါ်လည်တိုင်လေးထဲသို့ ဘောပင်အချွန်လေး 1cm လောက် ထိုးသွင်းလိုက်သဖြင့်
ရှောင်ကျန့်တစ်ယောက် စိုးရိမ်စွာဖြင့်.........

"မလုပ်!....မလုပ်ပါနဲ့.....
ကိုကို လက်မှတ်ထိုးပေးပါ့မယ်........" ဟု ရှောင်ကျန့်က ပြောသော‌ကြောင့် ရီပေါ်လည်ပင်တွင်
ထောက်ထားသော ဘောပင်လေးအား ရှောင်ကျန့်လက်မှတ်ထိုးရန် ပေးလိုက်လေသည်။

တစ်ဆက်တည်းမှာပဲ ရီပေါ်တစ်ယောက်
အိပ်ခန်းထဲဝင်၍ အိတ်တစ်လုံးထဲသို့ အဝတ်အစားများထည့်နေလေသည်။ထို့ကြောင့် ရှောင်ကျန့်က ရီပေါ်အား......

"ကလေး......ဘယ်ကိုသွားမလို့လဲ?...."

"ကျွန်တော် မသိဘူး......ဒါပေမဲ့ ကျွန်တော် ဒီအိမ်လေးနဲ့ အဝေးကြီးကို သွားမယ်......"

"မလုပ်ပါနဲ့နော်!...... ရီပေါ်
ဒီမှာပဲ နေပါနော်.....
တောင်းပန်ပါတယ် .....ဘယ်မှမသွားပါနဲ့နော်....."ဟု
ပြောကာ မျက်ရည်များစွာဖြင့် ရှောင်ကျန့်က တားနေသော်လည်း ရီပေါ်တစ်ယောက် အထုပ်ပြင်၍ အခန်းထဲမှထွက်သွားလေသည်။

ထွက်သွားသော ရီပေါ်နောက်ကို ရှောင်ကျန့်တစ်ယောက် ဖိနပ်ပင်မပါဘဲ ပြေးလိုက်နေလေသည်။ထို့နောက် ရီပေါ်က ရှေ့မှလာနေသော အငှားကားလေးအားတား၍ ထိုကားပေါ်သို့ တတ်သွားသော‌ကြောင့် ......
‌ရှောင်ကျန့်လည်း......ရီပေါ်စီးသွားသော ကားနောက်အား ခြေ‌ဗလာဖြင့် ပြေးလိုက်နေပြီး....
ပါးစပ်မှလည်း........

"ရီပေါ်!!!.....ရီပေါ်!!!......
ကလေးရေ!!......ကိုကိုတောင်းပန်ပါတယ်...
ထွက်မသွားပါနဲ့နော်.... ပြန်လာခဲ့‌ပေးပါနော်!!!!...."ဟု ‌‌ပြော‌နေလေသည်။

ရှောင်ကျန့် ရီပေါ်စီးသွား‌သော ကားလေးနောက် ပြေးလိုက်ရင်း မျက်ရည်များက အမြင်အာရုံကို ဖုံးသွားတာကြောင့် ရှောင်ကျန့်တစ်ယောက်
‌ကျောက်ခဲအချွန်အား မမြင်ဘဲ နင်းမိသွားပြီး ခြေခေါက်လဲကျသွားလေသည်။

ချစ် အတ္တ ( Uni+ Zaw )Nơi câu chuyện tồn tại. Hãy khám phá bây giờ