ချစ် အတ္တ -30

Start from the beginning
                                    

"ကိုကို....ကျွန်တော့်ကို သနားလို့လား?....
သနားလို့ ချစ်တယ်လို့ ပြောနေတာမလား?....
အဲ့တာဆိုရင်တော့ မလိုပါဘူး....
ကိုကို ပင်ပန်းနေမယ်......
ကိုကို ပျော်တဲ့သူဆီသာသွားပါ....ကျွန်တော် လက်လွှတ်ပေးမယ် "ဟု ‌ပြောရင်း ရီပေါ် ရှောင်ကျန့်၏ မျက်ခွံလေးအား
အချိန်ခဏတာ အထိနမ်းရှိုက်ခဲ့ပြီး....ထိုနေရာမှ ထွက်သွားခဲ့လေသည်။

ရီပေါ်ထွက်သွားတော့မှ ရှောင်ကျန့်တစ်ယောက်
ကြမ်းပြင်ပေါ်သို့ ဒူးထောက်၍ ကျ‌သွားလေသည်။
မျက်ဝန်းထဲမှ မျက်ရည်စများကလည်း ပါးပြင်ပေါ်သို့ အထိန်းအကွပ်မဲ့စွာ ကျဆင်းနေလေသည်။

*ဘာလို့လဲ?မချစ်မိခဲ့တုန်းကတော့
အနားမှ အရိပ်လို ‌နေ‌ပေးခဲ့ပြီး
အနိုင်ကျင့်ခဲ့သမျှကိုလည်း အပြစ်မမြင်ဘဲ ချစ်ပေးခဲ့ ပြီးတော့ အခုချစ်မိသွားတဲ့အခါကျမှ ကွာရှင်းရအောင်တဲ့လား?.....ကံဇာတ်ဆရာရယ် ခင်ဗျားမရက်စက်လွန်းဘူးလား?...."

*မချစ်တော့လို့ လက်လွှတ်လိုက်တာ
မဟုတ်ပါဘူး.....ချစ်လွန်းလို့ လက်လွှတ်လိုက်တာပါ........ကျွန်တော့်အနားမှာ
နေရင် ကိုကိုပဲစိတ်ပင်ပန်းလိမ့်မယ်....ဒါကြောင့် ကိုကိုချစ်တဲ့သူဆီသာ သွားပါ....ကျွန်တော်ကတော့
ကိုကိုပျော်နေတာလေးကို အဝေးကကြည့်နေလည်း
အဆင်ပြေတာမို့.........အဝေးကကြည့်ခွင့်လေး‌တော့ ‌ပေးပါလို့ တောင်းဆိုချင်တယ်.....*

................................................................

"ဒီမှာ ကိုကို....ကျွန်တော် စာချုပ်မှာလက်မှတ်ထိုးပြီးပြီး.......
ကိုကိုထိုးဖို့ပဲ ကျန်တော့တယ်......"

"ဟင်အင်း.....ကိုကို မထိုးနိုင်ဘူး.....
ကိုကို ရီပေါ်ကို မခွဲနိုင်ဘူး....." ဟု ပြောရင်း ခေါင်းအတွင်တွင် ခါနေသော ရှောင်ကျန့်အား
ရီပေါ်က.....

"ကျွန်တော် ကိုကို့ကို လွတ်လပ်ခွင့် ပေးလိုက်ပြီလေ.......အဲ့တာကြောင့် ကျွန်တော် ကိုကို့ကို ထပ်ပြီးမဆွဲထားခင် သွားပါ....!
ထွက်သွားပါ.....!!.."ဟု ပြောရင်း တစ်အိအိဖြင့် ငိုနေသော ရီပေါ်ကို ရှောင်ကျန့်တစ်‌ယောက် ရင်ခွင်လေးထဲသို့ ဆွဲဖက်ထားလိုက်လေသည်။

ထိုအခါမှ ရီပေါ်တစ်ယောက် ရှောင်ကျန့်ရင်ခွင်လေးထဲမှ ရုန်း၍ ရှောင်ကျန့်အား
အားကုန်တွန်းချလိုက်လေသည်။ထို့နောက် ကွာရှင်းစာချုပ်ပေါ်တွင် တင်ထားသော ဘောပင်လေးအား ရီပေါ်မိမိလည်ပင်းပေါ်တွင်
ချိန်ရွယ်ထားသောကြောင့် ......
ရှောင်ကျန့်က အလန့်တကြားဖြင့်.......

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now