ချစ် အတ္တ -28

Começar do início
                                    

ရီပေါ်အခန်းထဲရောက်သော် မီးရောင်မှုံမှုံလေး အောက်တွင် ....နမ်းရှုပ်နေကြသော လူသားနှစ်ယောက်.....နမ်းနေရာမှ အဆင့်တက်ကြရန်ပြင်နေသော လူနှစ်ယောက်ကြောင့် ရီပေါ်ထိုနေရာမှာတင် သေချင်စိတ်တို့ အလုံးလိုက်အရင်းလိုက်တိုးဝင်
လာလေသည်။ဒူးနှစ်ဖက်သာ တုန်ယင်‌နေသော
ရီပေါ်က သူ့အရှေ့မှ မြင်ကွင်းကြောင့် တစ်ကိုယ်လုံးတုန်ယင်နေမိသည်။ မျက်ဝန်းများထဲတွင်လည်း....
မျက်ရည်များစို့နင့်နေပြီး...နှုတ်ခမ်းပါးများကလည်း
မည်သည့်အသံမှ ထွက်လို့မရအောင်ပင် လည်ချောင်းထဲမှာပဲ တစ် ‌နေ‌လေသည်။

နောက်ဆုံး ရီပေါ်အသက်ရှူလို့မရတော့တဲ့ အချိန်မှာ ရီပေါ်ကိုယ်လေး ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။သို့သော် ရီပေါ် သတိအနည်းငယ် ရှိနေသေးသည်။ရီပေါ်လဲကျသွားတော့မှ လှည့်ကြည့်လာသော လူနှစ်ယောက် .....
တစ်ယောက်မှာ ရီပေါ်မသိ‌သော လူတစ်ယောက်ဖြစ်ပြီး......
တစ်ယောက်မှာ ရီပေါ်၏ ချစ်ရပါသော ကိုကိုဖြစ်နေ‌လေသည်။

*‌ကျေးဇူးပြု၍ အိမ်မက်ပဲ ဖြစ်ပါစေ......
ကျွန်တော် ဒီမြင်ကွင်းကို မခံစားနိုင်လို့ပါ.....
ကျွန်တော်ကြောက်တယ်......ကိုကို ကျွန်တော့်ကို
ထားခဲ့မှာကို.......အကယ်၍ ဒါဟာအိမ်မက်မဟုတ်ခဲ့ရင် ကျွန်တော်တစ်ခါတည်း
သေဆုံးသွားပါစေ.....*

ရီပေါ်မျက်လုံးလေးပိတ်သွားပြီး အသိမရှိတော့မှ မျက်ခွံအောက်မှ မျက်ရည်ဥများ ပါးပြင်ထက်သို့ တလိပ်လိပ် ကျဆင်းလာခဲ့လေသည်။

ထို့နောက် ရှောင်ကျန့်က ရီပေါ်ကိုယ်လေးအား
‌ပွေ့ချီလိုက်လိုက်ပြီး ဆေးရုံသို့ သွား‌လေသည်။
ဆေးရုံရောက်ရောက်ချင်း ရီပေါ်တစ်ယောက် အရေးပေါ်ခန်းထဲသို့ ဝင်ခဲ့ရလေသည်။

နာရီအနည်းငယ်ကြာမှ ရီပေါ်ကို ဆရာမတွေက
ပုံမှန် လူနာဆောင်သို့ ပြောင်းရွှေ့ လိုက်လေသည်။

နာရီအနည်းငယ်ကြာသောအခါ ရီပေါ် နိုးလာခဲ့လေသည်။ ရီပေါ်နိုးနိုးချင်း ဘေးနားမှာစောင့်ကြပ်ပေးနေတဲ့ ဆရာဝန်တွေကြောင့် ရီပေါ်တစ်ယောက် သူဋေးတွေသာတက်လေ့ရှိသော ဆေးရုံသို့ရောက်နေမှန်း သတိထားမိသွားလေသည်။
ထို့ကြောင့် ဆေးရုံမှာကြာကြာနေလျှင် ရှောင်ကျန့်ပိုက်ဆံ ပိုကုန်မှာစိုးလို့ ဆရာဝန်အား‌သက်သာကြောင်း ပြောပြီး ဆေးရုံမှ ဆင်းခွင့်‌ပေးရန်အတင်း တောင်းဆိုခဲ့လေသည်။

ချစ် အတ္တ ( Uni+ Zaw )Onde as histórias ganham vida. Descobre agora