ချစ် အတ္တ -27

Start from the beginning
                                    

ထို့ကြောင့် ရှောင်ကျန့်၏မူးနေတဲ့ ပုံစံကိုကြည့်ပြီး....
စိတ်မထိန်းနိုင်သော လျန်မှာ ရှောင်ကျန့်၏ခါးလေးအား ဆွဲဖက်လိုက်ပြီး.....
နှုတ်ခမ်းပါးနီဆွေ့ ဆွေ့ များကိုလည်း အငမ်းမရစုပ်ယူလိုက်လေသည်။

ရှောင်ကျန့်တစ်ယောက် လျန်ပေးသော အနမ်းများတွင် ယစ်မူးမိသောကြောင့် နမ်းနေလျှက်နှင့်ပင် ရှောင်ကျန့်၏ လက်များက လျန်၏ လည်ပင်းလေးအား ဖက်တွယ်လာလေသည်။လျန်၏ လက်များကလည်း.....ရှောင်ကျန့်၏ တစ်ကိုယ်လုံးကို ပွတ်သတ်နေသောကြောင့်......
ရှောင်ကျန့်၏စိတ်တို့က ပိုလို့ပင် ထိန်းသိမ်းလို့မရတော့ချေ။

"ရှောင်ကျန့်ရေ.....ကိုယ်တို့အခန်းထဲ သွားမလား?..."

လျန်၏အမေးကို ရှောင်ကျန့်မ‌ဖြေမိ။သို့သော်လည်း
မငြင်းမိ။ထို့ကြောင့် လျန်လည်း ရှောင်ကျန့်၏ ကိုယ်လေးအား မ၍ ဘားထဲရှိ အခန်းတစ်ခန်းထဲသို့ ဝင်သွားလေသည်။

ထို မြင်ကွင်းကို အစအဆုံးမြင်လိုက်ရ‌သော ရီပေါ်မှာ...ပြောစရာစကားများပင် ပျောက်ရှသွားခဲ့လေသည်။
လက်ထဲတွင် ကိုင်ထားသော ဗန်းလေးမှာလည်း ကြမ်းပြင်ပေါ်တွင်နေရာယူနေပြီး....
ရီပေါ်ပါးပေါ်တွင်လည်း မျက်ရည်စက်များကလည်း အသီးသီးနေရာယူနေကြလေသည်။
ဒူးများကလည်း မခိုင်တော့သောကြောင့် ရီပေါ်ထိုလူများသော နေရာမှထွက်သွားမိ၍ ချောင်ချသောနေရာတစ်နေရာတွင် သွားငိုနေမိသည်။ရီပေါ်တစ်ယောက်ထဲ ရှိနေတုန်း
အနောက်မှ ဘယ်အချိန်ကတည်းက ရောက်လာမှန်းမသိသော အသက်ကြီးပိုင်းလူကြီးတစ်ယောက်......

ရီပေါ်ကို သူငှားထားသောအခန်းတစ်ခန်းထဲသို့ အားနှင့်မရမကဆွဲခေါ်လာခဲ့သည်။
အခန်းထဲရောက်သော် ‌ရီပေါ်ကိုယ်လေးအား ကုတင်းပေါ်သို့ ပစ်ချ၍ ရီပေါ်၏အကျီတို့ကို တစ်စဆီ ဆွဲဆုတ်လိုက်လေသည်။ထို့နောက်
ရီပေါ်၏ လည်တိုင်နှင့် ညှပ်ရိုးများကို အငမ်းမရနမ်းနေလေသည်။

ရီပေါ်ရုန်းသော်လည်း ထိုလူကြီးက ရီပေါ်ကိုယ်‌လေးအား အားနှင့်
ဖိထားလေသည်။ ထိုလူလက်ထဲမှာ ဘဝပျက်သွားမှာကို ရီပေါ်ကြောက်မိသည်။ရီပေါ်တစ်ယောက် အရမ်းကြောက်နေသောကြောင့်....ရှောင်ကျန့်ကို အမြန်လာကယ်ပါစေဟု စိတ်ထဲတွင် ဆုတောင်းနေမိသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now