ချစ် အတ္တ -27

Start from the beginning
                                    

.....................................................................

"ကျင့်လေး.....ကိုကိုဒီနေ့
ဆောက်လုပ်ရေး လုပ်ငန်းရှင် နဲ့သွားတွေ့ ရမယ်
အဲ့တာ ကျင့်လေးလိုက်ခဲ့ပါလား?......."

"အင်း...."

................................

"ဟုတ်.....ကျေးဇူးပါ.....
နောက်လိုအပ်ရင်လည်း ကျွန်တော်တို့
ကုမ္ပဏီကို လာခဲ့ပါဦး...."

"ဒါဆို ....ကျွန်တော်တို့ ပြန်တော့မယ်......"

"ကောင်းပါပြီး....."

ဝူရန်နဲ့ ကျင့်လေးလည်း သူဋေးရုံးခန်းထဲမှ အထွက်
စာရွက်ဖာ‌လေးအား သယ်လာသော ရှောင်ကျန့်နှင့်
တိုးလေသည်။

"ကျင့်....ကျင့်လေး!...."

ရှောင်ကျန့်ကို မထင်မှတ်ထားပဲ မြင်လိုက်ရသော‌ကြောင့် ကျင့်လေးတစ်ယောက်...
ဝူရန်ရဲ့ လက်မောင်းလေးအား ဆွဲချိတ်၍ ရှောင်ကျန့်အား ပြုံးပြလိုက်လေသည်။
ထိုအခါမှ ရှောင်ကျန့်၏ မျက်နှာလေး
ညိုးသွား၍ ခေါင်းငုပ်သွားလေသည်။

*မငိုနဲ့ ကိုကို......
ကိုယ်ချစ်တဲ့သူက အခြားတစ်ယောက်ကို
ဖက်တွယ်နေတာကို မြင်ရတဲ့အခါ.......
ဘယ်လိုခံစားရမလဲဆိုတာ....ကိုကိုခံစားကြည့်ပါ...
ပြီးတော့ ကျင့်လေးတစ်ယောက် သူ့တို့ကို ကိုယ်ချင်းစာတတ်ပါပြီး ......*

........................................................

ရှောင်ကျန့် ကျင့်လေးတို့နှင့်တွေ့ ပြီးကတည်းက
စိတ်ထဲတွင် တစ်စက်ကလေးမှနေလို့မပျော်။
အလုပ်ထဲတွင်လည်း စိတ်မပါဘဲ တစ်နေ့လုံး
ငူငူငိုင်ငိုင်နှင့် ဖြစ်နေလေသည်။ထိုသို့ အရိပ်အကဲကို
သိသော လျန် က အလုပ်သမားများအား ဘားတွင်
သောက်ရန် တကာခံလိုက်လေသည်။ ခါတိုင်းအချိန်များတွင် ရှောင်ကျန့်ငြင်းသော်လည်း.....
အခုအချိန်‌တော့ ရှောင်ကျန့်မငြင်းချင်မိ။ထို့ကြောင့်
ရုံး‌ဆင်းချိန်တွင် ရှောင်ကျန့်တို့ သူဋေးကားနှင့် ဘားသို့ရောက်ခဲ့လေသည်။

ဘားရောက်သော် လျန်နှင့် ရှောင်ကျန့်က လွဲ၍.....
အခြားသူများသည် မီးရောင်စုံအလယ်တွင် ကနေကြလေသည်။

ရှောင်ကျန့်ကတော့ စိတ်မပျော်သောကြောင့်
အရက်များတစ်ခွက်ပြီးတစ်ခွက် ‌သောက်နေလေသည်။ရှောင်ကျန့်တစ်ယောက်
သောက်တာများလွန်းသောကြောင့် ပါးနှစ်ဖက်မှာ နီဆွေ့ ၍ နှုတ်ခမ်းပါးများဟာလည်း နမ်းချင်စရာ
ကောင်းလောက်အောင် ‌ဆွဲဆောင်မှုရှိနေလေသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now