"အား!!!!!!!...........ကိုကို ရေ....
ကျွန်တော့်ကို ကယ်ပါဦး....."ဟု မျက်လုံးနှစ်ဖက်ကို အတင်းမှိတ်ပြီး ရှောင်ကျန့်ရင်ခွင်ထဲ ဝင်၍ အော်နေသောသူကို ရှောင်ကျန့်တစ်ယောက် ကြောင်ကြည့်နေမိသည်။တစ်ဆက်တည်းမှာပဲ.....*ဒီကောင်လေး.....ပြောတော့ဖြင့် ကိုကို့ကို ကာကွယ်မယ်လေး ဘာလေးနဲ့ .....
အခုတော့ ပါးနှစ်ဖက်မှာ မျက်ရည်စက်တွေနဲ့
ကြောက်ပြီး ငိုနေတာများ..... နှပ်ချေး တောင်ထွက်နေသေးတယ်.....
ရာဇဝင်တွင်မဲ့ သူရဲကောင်းပါလား?.....*ရှောင်ကျန့်တစ်ယောက် ရီပေါ်ကို စိတ်ပျက်လက်ပြတ်နဲ့ ကြည့်၍ ခေါင်းအတွင်တွင်ခါမိလေသည်။
ပင်လယ်ဓါးပြကြီး ရပ်သွားသောအခါ လှေကာပေါ်မှ
နှာခေါင်းတရှုပ်ရှုပ်နဲ့ ဆင်းနေသော ရီပေါ်ကြောင့် ရှောင်ကျန့်ခိုးရယ် မိသွားလေသည်။ထိုအခါမှ ရီပေါ်မျက်စောင်းတို့က ရှောင်ကျန့်ဆီသို့ ဒိုင်းကနဲ့
ကျရောက်လာလေသည်။"ကိုကိုနော်!......သူများငိုနေတာကို မရီနဲ့....."
"ဟီ...ဟီ......ကိုကို မရယ်ပါဘူး......."
ရှောင်ကျန့်တစ်ယောက် မရယ်ဘူးသာပြောနေတာ
တကယ်တော့ ပါးစပ်နှင့် နားရွက် တပ်ချိတ်မတတ်
ပြုံးနေလေသည်။"ကိုကိုနော်....မရယ်ဘူးသာ ပြောနေတာ .....
ကိုကို့ပုံက ဖြီးနေတာပဲ.......""မဟုတ်ပါဘူးဆို ရီပေါ်ကလည်း...."
"ကိုကို ဒီရက်ပိုင်း ကျွန်တော့်အပေါ် ဂရုစိုက်ပေးလာတယ်နော်......
ဒါကြောင့် ကိုကိုနဲ့ ကျွန်တော့်အနာဂတ်ကို
ဆက်ပြီးတွေးလို့ရတယ်မလားဟင်?......"ရီပေါ်အပြောမှာ ရှောင်ကျန့်တစ်ယောက် ငြိမ်ကြသွားပြီး.........
"ရီပေါ် ပင်လယ်ဓါးမြ စီးရမှာကြောက်တယ်မလား?......."
"အင်း..."
"အဲ့တာဆို ဘာလို့စီးတာလဲ.....
ကြောက်ရင်မစီးနဲ့တော့ပေါ့.......""အဲ့လိုတော့ မရပါဘူး......
ကျွန်တော်ပင်လယ်ဓါးမြကြီး စီးရမှာကို ကြောက်ပေမဲ့....သူ့ကိုစီးတဲ့အခါ ရလာတဲ့ ခံစားချက်လေးကို သဘောကျတယ် .....
အဲ့တာကြောင့် ကြောက်လည်း ကျွန်တော်ထပ်စီးမိမှာပဲ......"
YOU ARE READING
ချစ် အတ္တ ( Uni+ Zaw )
Fanfiction[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား........ ချစ်တတ်လာတဲ့ လူတိုင်းက အတ္တ ကိုယ်စီတော့ ရှိလာကြတာပဲလေ........... ဒါဟာအပြစ်ဆိုလည်း.......ကျေကျေနပ်နပ်လက်ခံလိုက်ပါ့မယ်...... [Unicode] တစ်ခါ...
ခ်စ္အတၲ -22
Start from the beginning