ရှောင်ကျန့် ဆန်ပြုတ်စားပြီး၍......
ပြန်အိပ်သော်လည်း.......တစ်နေ့လုံး အိပ်ထားသောအရှိန်ကြောင့်.......ညဘက်တွင် အိပ်မပျော်တော့ချေ။ထို့ကြောင့် ဘေးနားတွင် အိပ်ပျော်နေသော ရီပေါ်ကို ကလိရန် အတွေးဝင်လာခဲ့လေသည်။ထို့ကြောင့် ရီပေါ်၏ ရင်ခွင်လေးထဲအား......ရှောင်ကျန့်ခေါင်းလေးတိုးဝင်လျှက်........."ကျင့်လေး....ကျင့်လေး.......ထ....ထပါဦး!.."
"ဟမ်!!.....ကိုကို ဘာဖြစ်တာလဲ?...
ဘာလို လို့လဲ?......""ကလေးရေ!.....ကိုကိုအိပ်မပျော်ဘူး.....
အဲ့တာ ဘယ်လိုလုပ်ရမလဲ?.....ကိုကိုတစ်ယောက်ထဲ
တစ်ညလုံး မျက်စိဖွင့်ပြီး နေနေရမှာလား?......""မသိဘူးလေ......ကိုကိုကလည်း....."
"ဟင့်....အင့်.....ကိုကို့ကို ဘယ်သူ့မှလည်း မချစ်ကြဘူး.......ဂရုလည်း မစိုက်ဘူး ......
ဟင့်အင့် ....မုန်းလိုက်မှာနော်.......""ဟား!!...အဲ့လို မဟုတ်ပါဘူး.....
ကျွန်တော်က ကိုကို့ကို စတာပါ......ကျွန်တော် ကိုကို့ကို ချစ်တာပေါ့.....""တကယ်လား?....
အဲ့တာဆို သီချင်းဆိုပြ......""အာ!...."
"မဆိုပြဘူးလား?.....!!!.....အဲ့တာဆို...."
"ဟုတ်ပါပြီး!!....ဟုတ်ပါပြီး!!...
စိတ်တော့ ထပ်မဆိုးပါနဲ့.....ဆိုပြဆို ဆိုပြပါ့မယ်....""ယေ့ .....ဒါမှ ကိုကို့ ကလေး.!....."
ဟု ပြောရင်း ရှောင်ကျန့် ရီပေါ်ကို ဖက် လိုက်သောကြောင့်.......ရီပေါ်ရုတ်တရက် ရင်တောင်ခုန်သွားရလေသည်။ခဏကြာမှ ရီပေါ်က ရှောင်ကျန့်အား .....
"ကိုကို!....ကျွန်တော် အသက်ရှုကြပ်နေပြီး!.....
လွှတ်ပေးပါဦး!....."ထိုအခါမှ ရှောင်ကျန့်တစ်ယောက် သူ့လုပ်ရပ်အား
ပြန်၍ သတိပြုမိလေသည်။
သီချင်ဆိုနေရင်း ရီပေါ်က ရှောင်ကျန့်၏ မျက်လုံးတစ်စုံကို တစ်စိုက်မတ်မတ်ကြည့်နေသောကြောင့်
ရှောင်ကျန့်၏ မသိစိတ်ကပင် ရှက်သွေးဖျာနေမိလေသည်။
YOU ARE READING
ချစ် အတ္တ ( Uni+ Zaw )
Fanfiction[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား........ ချစ်တတ်လာတဲ့ လူတိုင်းက အတ္တ ကိုယ်စီတော့ ရှိလာကြတာပဲလေ........... ဒါဟာအပြစ်ဆိုလည်း.......ကျေကျေနပ်နပ်လက်ခံလိုက်ပါ့မယ်...... [Unicode] တဈခါ...
ချစ် အတ္တ -15
Start from the beginning