ချစ် အတ္တ -15

Start from the beginning
                                    

"ဟုတ်........."

*နာကျင်ရတယ် ကိုကိုရယ်.........
မြင်နေရတဲ့မျက်လုံး‌တွေကိုတောင် တစ်ခါတည်း ‌ဖောက်ထုတ်ပစ်လိုက်ချင်တယ် .....ကြားလိုက်ရတဲ့ စကားက ကျွန်တော့်ရင်ကို  ဓါးနဲ့မွှန်းသလိုပဲ....အရမ်းနာတယ်  ကိုကိုရယ်.....*

...….......................................................

ရီပေါ် ပြန်ရောက်တော့ ရှောင်ကျန့်တစ်ယောက်
ပင်ပန်းလွန်း၍ အိပ်ပျော်နေလေသည်။ထို့ကြောင့်
ရီပေါ်လည်း ရှောင်ကျန့်အားမနှိုး‌တော့ပဲ
နိုးလာလျှင်သာစားရန် ဆန်ပြုတ်သွားလုပ်နေလိုက်သည်။
အကြောင်းမှာ ရှောင်ကျန့်တစ်ယောက် တစ်နေ့လုံးသွားလာထား၍ ပင်ပန်းပြီး ဖျားနေမယ်ဆိုတာ ရီပေါ်သိနေသောကြောင့် ဖြစ်လေသည်။

ရီပေါ်အခန်းထဲ ဝင်လာတော့ ရှောင်ကျန့်မနိုးသေး။ထို့ကြောင့် အဝတ်စိုနှင့် ရေဇလုံများအားယူ၍ ရှောင်ကျန့်၏ ခန္ဓာကိုယ်အား
သုတ်ပေးနေလေသည်။

"ကိုကို!.....ကိုကို က အရမ်းဆိုးတယ်နော်.......
ကျွန်တော့်မှာ ကိုကို‌ကြောင့် ငို‌နေရတာတောင်....
အချောမခံရတဲ့အပြင် ကိုကို့ ကို ပြန်ပြုစုနေရသေးတယ်.....ကိုကို မတရားဘူးနော်....
ကိုကိုသာ မျက်လုံးမြင်နေရရင် ကျွန်တော်ကိုကို့ကြောင့် ငိုနေရတာကို ကြည့်ပြီး
ဝမ်းသာ‌နေမယ် ထင်တယ်........"

ရီပေါ်တစ်ယောက် အိပ်ပျော်နေသော ရှောင်ကျန့်အား မကျေနပ်ချက်များကို ရင်ဖွင့်နေလေသည်။

ခဏအကြာ ရှောင်ကျန့်နိုးလာသော အခါ.......

"ဟား!!....ကိုကို နိုးလာပြီလား?.....
ကျွန်‌တော်က စိုးရိမ်နေတာ......
ကိုကို နိုးနေပြီဆိုတော့ ဗိုက်ဆာနေမှာပေါ့.....ကျွန်တော် ဆန်ပြုတ်သွားထည့်ပေးမယ်....."လို့  ပြောရင်းအခန်းထဲမှ ကပြာကယာထွက်သွားသော
ရီပေါ်တစ်ယောက်‌ကြောင့် ရှောင်ကျန့်ပြုံးမိသွားလေသည်။

"ခေါင်းမာတဲ့ အကြောတင်းလေး....."

ရှောင်ကျန့်ကြားတာပေါ့....အိပ်ယာနိုးနေ၍ မျက်စိမဖွင့်နိုင်သေးသော အခြေအနေတွင်  ဘေးနားမှာ မကျေနပ်ချက်များကို ထိုင်ပြောနေသော
ထိုကောင်လေး၏ အသံကို.........

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now