ချစ် အတ္တ -14

Start from the beginning
                                    

ရှောင်ကျန့်နိုးတော့ ခေါင်းများတစ်ဆစ်ဆစ်နှင့် ကိုက်‌နေလေသည်။ထို့ကြောင့် ကိုယ့်ခေါင်းကို ပြန်စမ်းကြည့်ရာ.......ပက်တီးစည်းထားရမှန်း ရှောင်ကျန့်တစ်ယောက် သတိပြုမိပါသည်။

ထို့နောက် ဘေးဘက်အနည်းငယ်တွင် သတိထားကြည့်ရာ ဘာအသံမှမကြားရ၍ အခန်းထဲတွင် ရှောင်ကျန့် သူတစ်ယောက်ထဲသာ ရှိနေမှန်းသိလေသည်။ခဏကြာသောအခါ အခန်းတံခါးဝနားတွင် အသံများကြားနေရသောကြောင့် ရှောင်ကျန့်တစ်ယောက် အိပ်ဟန်ဆောင်လိုက်လေသည်။

"အား....!!.....ကျွတ်!...ကျွတ်!....
နာလိုက်တာ ကောရာ........"

"မင်း.....ဒီလောက်တောင် လုပ်ချင်တာ ခံပေါ့......"
(သူရဲကောင်း...)

"အာ!!......ကောနော်!...
ဘာတွေ ပြောနေတာလဲ?......"

"မဟုတ်လို့လား?.....
ဖြစ်လိုက်ပြီးဆို ငါ့ကိုပဲတနေပြီးတော့....."

"ကောကလည်း!.....
ဒီက ပေါ်ပေါ်လေးမှာ ဟော့ဒီက ကောကောယီဘင်ပဲ
ရှိတာကို......."

*ဘာတွေလဲ?....
သူတို့က ကြိုက်နေကြတာလား?.....
မဖြစ်ဘူး.....ရီပေါ် သူ့ကို ကြိုက်လို့မဖြစ်ဘူး....
မဟုတ်ရင် ငါ့ရည်မှန်းချက်တွေ အကုန်ပျက်စီးသွားမယ်.......
ငါကသူ့အသည်းကို တစ်စစီကြေမွအောင် လုပ်ပစ်မှာ
အဲ့တော့ ငါလုပ်ရမှာက သူငါ့ကို ချစ်လာပြီး.....
သူ့ကို ထားပစ်ခဲ့ဖို့ပဲ....သူအဲ့ကောင်လေးကို မကြိုက်စေရဘူး.......*

................................................................

ရီပေါ်နဲ့ယီဘင် စကားများပြောနေတုန်း ရှောင်ကျန့်နိုးလာသောကြောင့်.............

"ကော !.....ကော နိုးပြီးလာ?.....
ကျင့်‌လေး စိတ်ပူလိုက်ရတာ........."ဟု ရီပေါ်ပြောရင် ရှောင်ကျန့်အား ထ ထိုင်ရန် ထူပေးလိုက်လေသည်။ထိုအခါမှ ရှောင်ကျန့်တစ်ယောက် ရီပေါ်၏ခါးကိုဆွဲဖက်၍
ရီပေါ်၏ ရင်ခွင်လေးထဲတွင် ဝင်၍ချွဲလိုက်လေသည်။

"ကျင့်လေး.......
ကိုကို့ကို ........မချစ်တော့ဘူးလာဟင်?....."

"ဘယ်လို ပြောလိုက်တာလဲ?....ကိုကို
ချစ်တာပေါ့......."

"တကယ်လား?...."

"အင်း တကယ်ပေါ့....."

"အဲ့တာဆို ဘယ်လောထိ ချစ်လဲ?......."

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now