အပိုင်း(၁၃၂)အရှင့်သားကို နှုတ်ခွန်းဆက်ပါတယ်"ခွပ်...ခွပ်...ခွပ်!"
နောက်တစ်နေ့ နံနက်ခင်းစောစောတွင် နဂါးတစ်သောင်းတောင်ကြား၏ အပြင်ဘက်မှ ထိတ်လန့်ဖွယ် အသံများ ထွက်ပေါ်လာခဲ့သည်။ လူတိုင်းသည် ထိတ်လန့်မှင်သက်နေကြသည်။ အသံကို ကြားလျှင်ကြားချင်း ကျောင်းအုပ်ချီသည် စိုးရိမ်သော အမူအရာနှင့် သူမ၏ ရွက်ဖျင်တဲထဲမှ ထွက်လာခဲ့သည်။
အသံသည် ပို၍ ပို၍ ကျယ်လောင်လာခဲ့သည်။ မြေပြင်သည် စတင်တုန်ခါလာခဲ့ရာ တောင်ကြား၏ အနက်ရှိုင်းဆုံး အပိုင်းများတွင် ပုန်းအောင်းနေကြသော နဂါးအနွယ်ဝင် နတ်ဆိုးသားရဲများသည်ပင် ထိတ်လန့်တကြား ပျံသန်းကြကုန်လေသည်။ သတ္တဝါတို့သည် အန္တရာယ် ကျရောက်လာမည်အား ကြောက်ရွံ့ကြဟန် တူလေသည်။
"စစ်တပ်?"
ရွက်ဖျင်တဲထဲတွင် အိပ်နေသော ချမ်ဝမ်ကွမ်သည် လူးလှိမ့်ကာ ထထိုင်လိုက်သည်။ သူ၏ ဝိုင်းစက်ဖောင်းကားနေသော မျက်နှာထက်တွင် သံသယအချို့ ရှိနေခဲ့သည်။ နဂါးတစ်သောင်းတောင်ကြား၌ ဝင်ပေါက်တစ်ခုသာ ရှိသည်။ ဤကဲ့သို့ စစ်တပ်ကြီးတစ်ခုကသာ လာရောက်ဝန်းရံ တိုက်ခိုက်လျှင် မည်သူမှ လွတ်လမ်းမရှိပေ။
"ဝှစ်!"
ချမ်ဂိုဏ်းမှ ကင်းထောက်သမားသည် အသားကုန် ပြေးလာခဲ့သည်။ သူသည် ချမ်ဝမ်ကွမ်ရှေ့တွင် ဒူးထောက်လိုက်ပြီး ကျယ်လောင်စွာ တင်ပြလိုက်သည်။
"ခေါင်းဆောင်ငယ်!...အပြင်မှာ စစ်သည်တစ်သောင်းပါတဲ့ စစ်တပ်ရောက်နေပါတယ်...အဲ့ဒါက အနောက်ဘက်မြို့စောင့်တပ်ရဲ့ ကောင်းကင်အစောင့် စစ်သားတွေပါ!"
"ကောင်းကင်အစောင့် စစ်သားတွေ?"
ချမ်ဝမ်ကွမ်သည် မျက်လုံးကစားကာ စဉ်းစားလိုက်ပြီး ပြုံးလာခဲ့သည်။ သူသည် လက်ရမ်းပြကာ ပြောလိုက်သည်။
"အားလုံးကို အေးအေးဆေးဆေးသာနေလို့ ပြောလိုက်...ငါမမှားဘူးဆိုရင် ဒီအုပ်စုက အစ်ကိုကြီး လာခေါ်တာဖြစ်ရမယ်...ဒါပေမယ့် အစ်ကိုကြီးကတော့...အထဲမှာ ဘာတွေလုပ်နေမယ်မသိဘူး"
YOU ARE READING
ကောင်းကင်ဘုံအား ဆန့်ကျင်၍ (စာစဉ်-၈မှ ၁၀)
Actionကျန်းရီသည် သူ၏ စွမ်းအင်သိုလှောင်ရာ ဒန်တျန်းနေရာ ချိတ်ပိတ်ခံထားရသောကြောင့် အရှက်ခွဲခံရခြင်းနှင့် အနိုင်ကျင့်ခံရခြင်းတို့ကို ငယ်စဉ်တည်းက ခံစားခဲ့ရသည်။ တစ်နေ့တွင် သူအိပ်ရာနိုးလာသောအခါ သူ၏ချိတ်ပိတ်ခံသင်္ကေတ ကျိုးပျက်နေခဲ့ပြီး သူ၏တန်ခိုးစွမ်းအင်သည်လည်း မယံ...