အပိုင်း(၁၀၃)ပန်းပွင့်နဲ့ နွားချီး

445 62 0
                                    

အပိုင်း(၁၀၃)ပန်းပွင့်နဲ့ နွားချီး

"ဝိုး!"

အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ ကျန့်ဝူရွှမ်း သင်တန်းကျောင်းသို့ ဝင်ရောက်စဉ်က သူသည် ခရမ်းရောင်နန်းတော်ရှင် ပထမအဆင့်၌သာ ရှိသေးသည်။ သူသည် အဆင့်တက်ရန် နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ပြီးခဲ့ပြီ ဖြစ်သည်။ လူတိုင်းသည် သူ့အင်အားကို ခရမ်းရောင်နန်းတော်ရှင် စတုတ္ထအဆင့်၊ ပဉ္စမအဆင့်၌ ရှိလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ သူသည် တစ်ကျောင်းလုံး၏ အဆင့်တစ် ပါရမီရှင် ယွင်ဖေးကို စိန်ခေါ်ခဲ့သည်။ ယွင်ဖေးသည် ခရမ်းရောင်နန်းတော်ရှင် ဆဋ္ဌမအဆင့်၌ ရှိရုံသာမက ရှန်မိနိုင်ငံတော်၏ ထူးဆန်းသော မှော်အတတ်များကိုလည်း တတ်မြောက်ထားသေးသည်။ သူမ၏ တိုက်ခိုက်နိုင်စွမ်းသည် ခရမ်းရောင်နန်းတော်ရှင် သတ္တမအဆင့်၊ အဋ္ဌမအဆင့်လောက်၌ ရှိပေသည်။

ကြောက်စရာအကောင်းဆုံး အချက်သည်ကား....သူနိုင်လျှင် ယွင်ဖေးသည် ကျန်းရီကို နမ်းရမည်.....

လူများစွာတို့သည် စိတ်လှုပ်ရှားနေကြသော်လည်း ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိတို့သည် မျက်နှာပျက်သွားကြသည်။ ကျန့်ဝူရွှမ်းသည် လူပုံအလယ်တွင် သူတို့မျက်နှာများကို ဖြတ်ရိုက်လိုက်သည့်အလားပင်...ကျန်းစွန်းဝူကျိသည် မင်းသမီးကိုယွင်ဖေးကို အသည်းအသန်လိုက်နေသည်မှာ နှစ်နှစ်ကျော်ကြာနေပြီမှန်း မသိသူ မရှိပေ။

"သူ့ကိုနမ်းရမယ်?"

မင်းသမီးယွင်ဖေးသည် ပေါ့ပေါ့ပါးပါး ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။

"ဒီအမျိုးသားလေးက ရှင့်ထက်တောင် ဆွဲဆောင်မှုရှိသေးတယ်...သူ့ကို နမ်းရမှာ မဆိုးပါဘူး...ဒါပေမယ့် ဒီမင်းသမီးက ရှင့်လို အစေခံမျိုးကို ဘယ်လို သုံးရမလဲ?...ဘာလို့အဲ့လိုလုပ်မှာလဲ?...ရှင်ရှုံးရင် လူရှေ့မှာတင် ကျွန်မအစေခံမိန်းကလေးရဲ့ ခြေထောက်ကို နမ်းရမယ်"

"ဟားဟား!"

အသံများသည် ထွက်ပေါ်လာခဲ့ပြန်သည်။ ထိုသို့ ရုတ်ရုတ်သဲသဲ ဖြစ်သည်မှာ ယခုတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်။

ကောင်းကင်ဘုံအား ဆန့်ကျင်၍ (စာစဉ်-၈မှ ၁၀)Where stories live. Discover now