ချစ် အတ္တ -10

Start from the beginning
                                    

"ဘာဖြစ်လို့လဲ?...ကိုကို......."

"ေ‌ဆးနံ့တွေ ရတယ် .......ကျင့်လေးဆီက မလား?..."

*ငါ...ငါ ကိုကို့ကို ဘယ်လိုပြောရပါ့မလဲ?......"

"မဟုတ်!....မဟုတ်ပါဘူး...."

"ကျင့်လေး!.....ကိုကို့ကို မညာပါနဲ့ဆို....
ဘာလဲ?.....ကျင့်လေးက ကိုကိုမမြင်ရလို့
လိမ်နေတာလား?....ကိုကို့ ကို ကျင့်လေးဘာလုပ်နေတယ်ဆိုတာ အသိပေးစရာ မလိုဘူးလာ.?......"

"မဟုတ်!....အဲ့လို သဘောမဟုတ်ပါဘူး ကိုကို...တကယ်တော့ ......
ဆေးနံ့က ကျင့်လေးဆီကပါ........"

"ကျင့်လေးဘယ်နားထိခိုက်ထားလို့လဲ?....
ဘယ်သူလုပ်တာလဲ?......."

"ဘယ်သူမှ လုပ်တာမဟုတ်ပါဘူး.....
ကျင့်လေး....အိမ်ပြန်လာတဲ့လမ်းမှာ ကလေးတစ်ယောက်က စက်ဘီးနဲ့တိုက်မိမလို ဖြစ်နေတာကို ရှောင်ရင်း ခြေထောက်နည်းနည်း ခေါက်သွားတာပါ......အဲ့ဒါ‌ကြောင့် ‌ဆေးလိမ်းထားတာပါ ကိုကိုရ..... စိတ်မဆိုးပါနဲ့နော်....."

"စိတ်ဆိုးလို့ မဟုတ်ပါဘူး.....ကိုကိုက စိုးရိမ်လို့ပါ....
ကိုကိုက ကျင့်လေးနဲ့ ထပ်ဝေးရမှာ ကြောက်လို့ပါ...."

ရှောင်ကျန့်စကားအပြီး ရီပေါ်ရှောင်ကျန့်ကို တင်းကြပ်စွာဖက်ထားလိုက်လေသည်။

"အရမ်းချစ်တယ် ကိုကို....."

"အတူတူပါပဲ ....ကျင့်လေးရယ်....."

*တစ်ခါတစ်လေ ကျွန်တော်ကျင့်‌လေးဆိုတဲ့ လူကိုတောင် မနာလိုဖြစ်မိတယ် .....
ကျွန်တော်လည်း.....ကိုကိုက အရမ်းချစ်ပါတယ်လို့ အပြောခံရတဲ့ လူသားလေးဖြစ်ချင်မိပါရဲ့......ကိုကိုရယ်...."



[Unicode]
ရီပေါ်တစ်ယောက် ရှောင်ကျန့်ယုံအောင်သာ မန်နေဂျာအလုပ်သွားလုပ်ရမယ်လို့ ပြောထားပေမဲ့......တကယ်တမ်းကျတော့ ပညာရေးကလည်း တစ်ပိုင်းတစ်စနဲ့ နာမည်ပျက်ရှိတဲ့သူလည်း ဖြစ်နေတော့....
ဘယ်သူကမှ ရီပေါ်ကို အလုပ်မခန့်ချင်ကြဘူး.....

ဒါပေမဲ့ ခက်ခက်ခဲခဲနဲ့ အလုပ် တစ်ခု‌တော့ ရလာပါတယ်.....အဲ့တာက တရားမဝင်
စည်ဝိုင်းအတွင်းမှာ တစ်ဦးကိုတစ်ဦး အလဲထိုးသည့်
နေရာတစ်ခုမှာ ဖြစ်သည်။ နှစ်ဦးနှစ်ဖက် ထိုးကြိတ်အပြီးတွင် အနိုင်ရသူက ကြေးများများ
ရရှိ၍ ရှုံးတဲ့သူက နစ်နာကြေးအနေနှင့် အနိုင်ရသူ ရရှိသည့် ကြေး၏ ဆယ်ပုံ နှစ်ပုံသာ ရလေသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now