ချစ် အတ္တ - 3

Start from the beginning
                                    

"ဟုတ်......"

..................................................................

ရှောင်ကျန့်၏ ကားလေးဖြင့် ရီပေါ်တို့ ရှောင်ကျန့်၏
အိမ်သို့ ရောက်လာခဲ့လေသည်။ရှောင်ကျန့်သည်
XZကုမ္ပဏီ၏ပိုင်ရှင်ဖြစ်နေသော်လည်း....
အိမ်တွင် အစေခံတစ်ယောက်မျှပင် မထားရှိ‌ချေ။
ကျင့်လေးတစ်ယောက်သာ တံခါးမရှိ  ဓါးမရှိဝင်ထွက်လေ့ ရှိ‌လေသည်။

မနေ့က ရှောင်ကျန့်မနက်စောစောပြန်လာမည်ဟု ပြော၍  ကျင့်လေးတစ်ယောက် အိမ်ထဲတွင် ဝင်‌စောင့်နေ‌လေသည်။
ကားသံလေးကြား၍  အိမ်ရှေ့သို့ ထွက်ကြည့်ရာ.....

ရှောင်ကျန့်က ရီပေါ်ကို ပွေ့ ချီထားလျှက်  ရှောင်ကျန့် ရင်ခွင်ထဲတွင် နှစ်ဝင်နေသော ရီပေါ်ကို
တွေ့လိုက်ရသော‌ကြောင့် ကျင့်လေး၏မသိစိတ်ထဲတွင် မနာလိုမှု အနည်းငယ်ပင် ဖြစ်လာခဲ့လေသည်။

[Unicode]
ရီပေါ် POV........

အိမ်ပြန်လမ်းတစ်လျှောက်လုံး တွေဝေနေမိ‌လေသည်....
ခေါင်းထဲမှာလည်း ဝူရန်နဲ့ ပြောခဲ့တာတွေကိုပဲ ပြန်တွေးနေမိတယ်.........

လမ်းအတော်ကြာလောက်လျှောက်ပြီးတဲ့အခါ ကျမှ
ကားဟွန်းတီးသံကြား၍ သတိဝင်လာခဲ့လေသည်။သို့သော် ရှောင်ရန်မမှီလိုက်။ကားသည် ကျွန်တော်နဲ့ အရမ်းနီးကပ်နေပြီဖြစ်၍  လန့်ပြီးလဲကျရာ ‌ခြေဆစ်ခေါက်သွားလေသည်။အစကတော့ ဘာမှသိပ်မဖြစ်လို့ ဒီတိုင်းပြန်ရန်အလုပ် .....
ကားပေါ်မှဆင်းလာတဲ့သူ‌ကြောင့် အတွေးပြောင်းကာ.......
‌ခြေထောက်နာဟန်ဆောင်လိုက်လေသည်။
ထို့နောက်‌ဆေးခန်းသို့ ပို့ပေးသောအခါ ဆရာဝန်အား  ‌ခြေထောက်ကျိုးဟန် ‌ဆောင်ပြီး ကျောက်ပက်တီးစည်းခိုင်းလိုက်လေသည်။

အိမ်ကို ပြန်ပို့တဲ့လမ်းတစ်လျှောက်လုံး အကိုရှောင်ကျန့်ကပဲ လိုက်ပို့ပေးခဲ့သည်။ ကားပေါ်မှအိမ်ထဲသို့မဝင်နိုင်ဘူးဟု ထင်သော အကိုက ကျွန်တော့်ကို အိမ်ထဲအထိ ပွေ့ချီပေးခဲ့ပြီး
အိမ်ခန်းထဲထိ အသေအချာဂရုစိုက်၍ ပို့ပေးခဲ့‌လေသည်။

ခ်စ္ အတၲ ( Uni+ Zaw )Where stories live. Discover now