ချစ် အတ္တ - 3

Começar do início
                                    

ရီပေါ်နိုးနိုးချင်း ချစ်ရတဲ့သူ‌၏ မျက်နှာ‌လေးကို မြင်ရတော့  ရှိ‌နေတဲ့အဖျားတောင် ‌ပျောက်ချင်သလိုပင် ဖြစ်သွား‌လေသည်။ထို့နောက် အိပ်ပျော်‌နေသော  ချစ်ရသူ‌လေး မနိုးခင် ရီပေါ်တစ်ယောက် ရှောင်ကျန့်၏ နဖူးလေးအား အသာအယာခိုးနမ်းလိုက်လေသည်။

ခဏအကြာ ရှောင်ကျန့်၏ကိုယ်လေး လှုပ်လာသဖြင့်
ရီ‌ပေါ်အိပ်ချင်ဟန် ဆောင်လိုက်လေသည်။
ရှောင်ကျန့်နိုးတော့ မျက်နှာသစ် ၊ မနက်စာ သွားဝယ်ပြီး ပြန်လာမှ ရီပေါ်အားနှိုးလိုက်လေသည်။

"ရီပေါ်!.....ရီပေါ် ...!....ထတော့......
မနက်စာစားပြီး........ဆေးသောက်ရမယ်လေ......."

"ဟုတ်........"

"ဒါနဲ့ စားပြီးလို့ ငါပြန်ရင် မင်းကိုဘယ်သူလာကြည့်ပေးမှာလဲ?....."

"အင်း!.....ကျွန်တော့်မှာ မောင်နှမကလည်း အနီးအနား မရှိ။ သူငယ်ချင်းကလည်း သူအလုပ်နဲ့သူ၊ အလုပ်သမားရှာဖို့ကလည်း ပိုက်ဆံလည်းမရှိတော့.....ကျွန်တော့်က ကျွန်တော်ပဲ........"

"ကယ်!....ကယ်!..
ထားပါတော့ အဲ့တာဆိုလည်း မင်းကောင်လေးအိမ်ပို့ပေးခဲ့မယ်လေ......."

"အာ!....မ....မဖြစ်ဘူး!........"

"ဘာလို့လဲ?......မင်းကောင်လေးအိမ်က.....?"

"ကျွန်တော်တို့ ပြတ်သွားပြီး....."

"ဟမ်!....တကယ်ကြီးလာ?...."

"အင်း.......မနေ့ကပဲ....."

"အော်!....ကြားရတာတော့ စိတ်မ‌ကောင်းပါဘူး...
ဒါပေမဲ့ မင်းကံကောင်းပါတယ် .....အဲ့လိုလူဆိုးနဲ့
မင်းနဲ့မတန်ပါဘူး....သူထက်သာတဲ့သူ ရှာလို့ရတယ်....စိတ်အားငယ်မနေနဲ့....
ဟုတ်ပြီလာ?....."

"ဟုတ်....."

"ဒါဆို မင်းကို အခုကြည့်ပေးမဲ့သူမရှိတော့ ငါလူငှားပေးမယ်.......ငါဖုန်းသွားဆက်လိုက်ဦးမယ်ဟ......."

ရှောင်ကျန့်တစ်‌ယောက် ဖုန်းပြောရန် အခန်းအပြင်သို့ ထွက်သွား၍ ခဏအကြာမှ ပြန်ဝင်လာခဲ့လေသည်။

"ရီပေါ်ရေ......မင်းငါ့အိမ်လိုက်ခဲ့လိုက်....မင်းကို
ကြည့်ပေးဖို့ လူကမင်းအိမ်ထိတော့ မလာနိုင်ဘူးတဲ့ အရမ်းဝေးလို့တဲ့ .......
ဒါ‌ကြောင့် မင်း‌ခြေထောက်ကောင်းတဲ့ အထိငါ့အိမ်မှာပဲ လာနေလိုက်.......‌ငါမရှိတဲ့အချိန်
အဲ့ဒီလူက မင်းကို စောင့်ပေးလိမ့်မယ်.......
ငါကတော့ ရုံးကပြန်မှ မင်းကို ကြည့်ပေးနိုင်မယ်......"

ချစ် အတ္တ ( Uni+ Zaw )Onde histórias criam vida. Descubra agora