Chapter (13.2)

3K 438 27
                                    

Zawgyi

------------

Chapter 13 : ဘဝရဲ့ တဒင်္ဂများ (၂)

(၂)

ကိုယ်တို့ အထက်တန်းကျောင်းတုန်းက ကိုယ်တို့ကျောင်းမှာ အရမ်းလှတဲ့ မိန်းကလေး တစ်ယောက်ရှိတယ်- သူ့ကို ကိုယ်တို့က နတ်ဖုရားမလေး လို့ ခေါ်ကြတယ်။ ပထမဆုံးအကြိမ် နတ်ဖုရားမလေးနဲ့ ကိုယ် ဆုံတွေ့တုန်းက - ကိုယ်က တွမ့်ယွီ ဖြစ်သွားပြီး၊ ပထမဆုံး ဝမ်ယွီယန် နဲ့ ဆုံတွေ့သလိုပဲ - အဲ့ဒီ ကြွေရုပ်လို နတ်ဖုရားမလေးဆီမှာ ဒူးပါ ထောက်ချင်မိတဲ့အထိ ဖြစ်ခဲ့တယ်။ (ရုပ်ရှင် ဇာတ်ဝင်ခန်း ထင်တာပဲ)

သူက ကိုယ်တို့ အထက်တန်းကျောင်းကို အထက်တန်း ဒုတိယနှစ်မှ ပြောင်းလာတာပါ။ သူ ပထမဆုံး ရောက်လာတုန်းက ကိုယ်တို့တွေ စစ်ရေး လေ့ကျင့်ခန်း ဆင်းလုပ်နေရတဲ့အချိန် - ဒါကြောင့် ကျောင်းသား၊သူ တွေ အကုန်လုံး ချွေးတွေနဲ့ ဖြစ်နေတာပေါ့။ အဲ့ဒါနဲ့ ဆန့်ကျင်စွာ သူ့ကိုယ်သူ မိတ်ဆက်ဖို့ စင်ပေါ်တက်လာတဲ့ နတ်ဖုရားမလေးကတော့ တောက်ပ ကြည်လင်တဲ့ အသားအရေ၊ ခပ်မိုက်မိုက် ကိုယ်အချိုးအစားက ကြည့်ရဆိုးတဲ့ စစ်ရေးလေ့ကျင့်တဲ့ ဝတ်စုံနဲ့ကို ဆွဲဆောင်ညှို့ယူနိုင်စွမ်း ရှိလွန်းနေတာ..

သူ့ကို ပြပြီး ကိုယ့်ဘေးက သူငယ်ချင်းကို တိုးတိုး ကပ်ပြောမိတယ်..

"သူ့ကို ကြည့်ရတာ ရန်သူ့ စစ်တပ်ထဲကို ဆွဲဆောင်ဖို့ လွှတ်လိုက်တဲ့ သူလျှို အေးဂျင့်တစ်ယောက်နဲ့ မတူနေဘူးလား။"

လှပခြင်း မှာ အမျိုးအစားတွေ အများကြီးပါ။ ဥပမာပြောရရင် .. Crystal Liu လို အလှမျိုး၊ ဖန်ပင်းပင်းလို အလှမျိုးတွေ ပေါ့။ အသက် ၁၆ နှစ်လေးပဲ ရှိသေးတာကလွဲလို့ ကိုယ်တို့ရဲ့ နတ်ဖုရားမလေးက အဲ့လို အလှတရား အရှိန်အဝါတွေကို ပိုင်ဆိုင်နှင့်ပြီး ဖြစ်နေပြီ။ အဲ့ဒီ အလှဆုံးမိန်းကလေး ပေါ်ထွက်လာတဲ့ အခိုက်အတန့်မှာပဲ .. မိန်းမထုကြီးရဲ့ ဦးနှောက်ထဲမှာ .. အရမ်းတွေ သတိကြီးကြီး ထားကုန်ကြပြီး၊ သူတို့ရဲ့ ချစ်သူ ကောင်လေးတွေနဲ့ အလှလေးရဲ့ ကြားက ဘယ်လို ဆက်သွယ်မှုမျိုး မဆို ကြိုတင် ကာကွယ်ကြကုန်ပြီလေ။

ကိုယ် လိုချင်တာ မင်းတစ်ယောက်တည်း (complete)Where stories live. Discover now