Chapter (9.1)

3.7K 493 21
                                    

Zawgyi

---------------

Chapter 9 : အစဉ်အလာသွေဖည်သော လက်မထပ်ဘဲ အတူနေခြင်း (၁)

(၁)

မစ္စတာအက်ဖ်နဲ့ ကိုယ်နဲ့က အချိန်အကြာကြီး သူငယ်ချင်း အဖြစ်နေခဲ့ကြတော့ တစ်ယောက်နဲ့ တစ်ယောက် စုံတွဲတွေလို ရင်းရင်းနှီးနှီး ပြုမူတာမျိုး လုံးဝ မရှိခဲ့ဘူး။ ဒါကြောင့် ပြဿနာတချို့ ကြုံရပြီးမှသာ ကိုယ်တို့ကြားက ဆက်ဆံရေးက အမျိုးအမည် ကွဲပြားသွားတော့တာ။ အဲ့သည်တော့မှ ဒီလူဟာ အင်မတန် ချုပ်တည်းနိုင်တဲ့သူ ဆိုတာ ကိုယ် သိရတော့တယ်။

ကိုယ့်မှာ အကျင့် တစ်ခုရှိတယ် - တခြားသူတွေနဲ့ စားသောက်ဆိုင် တစ်ဆိုင်ဆိုင်ကို ဝင်တဲ့အခါ တံခါးကို အရင်ဆုံး ဖွင့်ပြီး ဝင်တတ်သူက .. ကိုယ်ပါ၊ ဒီတော့ နောက်လူတွေ ဆိုင်ထဲ ဝင်လာတဲ့အချိန်မှာ ကိုယ်က တံခါးကို ဖွင့်ပြီး ကိုင်ထားပေးတတ်တယ်။

ကိုယ် သူနဲ့ ချိန်းတွေ့ တဲ့ အချိန်လည်းကျရော၊ အဲ့လိုပဲ သူ့အတွက် အကြိမ်ရေတော်တော်များများ တံခါး ဖွင့်ပေးမိတယ်။ အဲ့လို လုပ်တိုင်း သူ စိတ်မကြည်တော့ဘူး။

"ဒီလို ကိစ္စမျိုးအတွက် ယောက်ျားလေးဘက်ကို လုပ်ပေးခွင့် ပြုသင့်တယ်လေ။"

ဟုတ်ပြီ .. ကိုယ် ခွင့်ပြုတယ်။

ကိုယ်က အချိန်နဲ့ ပတ်သတ်ပြီး အလေးထားတယ်။ ကိုယ်တို့ ချိန်းတွေ့ကြတိုင်း ချိန်းထားတဲ့ အချိန်ထက် မိနစ် ၂၀ လောက် ကိုယ်ကပဲ အမြဲ စောရောက်နေတတ်တယ်။

အဲ့တော့ သူ ထပ်ပြီး မကြည်မလင် ဖြစ်လာပြန်ရော ..

"မင်း နည်းနည်းလောက် နောက်ကျပြီးမှ ရောက်ပါလား၊ မင်းကို စောင့်ရလည်း ငါ စိတ်မကွက်ပါဘူး"

ဟုတ်ပြီလေ .. ကိုယ်တို့ ချိန်းထားတဲ့ အချိန်မရောက်ခင် တန်ဖိုးရှိတဲ့ အချိန်ဆယ်မိနစ်လောက်ကို အိမ်မှာ ဝေလေလေ အချိန်ဖြုန်းရတော့မှာပေါ့။

ကိုယ်တို့ အပြင်မှာ ချိန်းတွေ့ရင် ကုန်ကျစရိတ်အားလုံးအတွက် အမြဲတမ်းပဲ သူက ပေးတယ်။ အဲ့ဒီအတွက် ကိုယ် စိတ်ထဲ မကောင်းဘူး၊ ကိုယ်က အမြဲလိုလို ကုန်ကျစရိတ်ကို မျှပေးမယ်လို့ ပြောလေ့ရှိတယ်။ ဒါပေမဲ့လည်း ကိုယ် ပေးမယ်ဆိုတိုင်း သူ အမြဲ ငြင်းနေတော့တာပဲ။ တခါတော့ သူ သန့်စင်ခန်း သွားနေတုန်း အခွင့်ကောင်းယူပြီး ကိုယ် ငွေရှင်းလိုက်တယ်။ သူ စားပွဲကို ပြန်ရောက်လာတော့ ဒေါသတွေ ထွက်နေလိုက်တာ ဆိုတာ မျက်နှာကြီးတောင် စိမ်းမှောင်နေတာပဲ။

ကိုယ် လိုချင်တာ မင်းတစ်ယောက်တည်း (complete)Where stories live. Discover now