Chapter (13.1)

2.9K 421 11
                                    

Zawgyi

----------------

Chapter 13 : ဘဝရဲ့ တဒင်္ဂများ (၁)

(၁)

ကိုယ်တို့ သူငယ်ချင်းအုပ်စုကြားမှာ ကိုယ်တို့ရဲ့ အဆောင်မှုးအစ်မရဲ့ ဘဝက နေပျော်စရာအပြည့်နဲ့ ချောမွေ့တဲ့ ဘဝခရီးမှာ နေရသူ တစ်ယောက်ပါ - သူ ငယ်ငယ်ကတည်းက သူ့မိဘတွေက သူ့ကို အရမ်း ချစ်ကြတယ်။ သူတို့အိမ်က တော်တော် ချမ်းသာတဲ့အပြင် သူ့ရဲ့ ဘဝက ပုံပြင်ထဲက မင်းသမီးလေးရဲ့ အပြင်က ဘဝ ကျနေတာပဲ။

အဲ့ဒီအဆောင်မှုးက အင်မတန်ကို စိတ်သဘောထား ကောင်းတယ်။ ကိုယ်တို့ တက္ကသိုလ်တက်နေတဲ့ အချိန်တုန်းက ကိုယ်တို့ ကျောင်းဝင်းထဲ လျှောက်သွားနေတတ်တဲ့ လေလွင့်ခွေးတစ်ကောင်ရှိတယ်၊ နေ့လည်စာ စားချိန်ဆို ဘယ်နေရာကမှန်းမသိ ရောက်ရောက်လာတတ်တယ်။ အဲ့ဒီခွေးက မျက်စိစူးပြီး လူကောင်းကောင်း ကြည့်တတ်တယ် - သူ့ကိုယ်မှာ ရေဒါ တပ်ထားတာ ကျနေတာပဲ - တခြားလူတွေကို လုံးဝ အနှောက်အယှက် မပေးဘူး၊ အဆောင်မှုးအစ်မ နောက်ကိုပဲ တကောက်ကောက်လိုက်တာ။ အဆောင်မှုးက သူ့ကို (ချစ်သူ) လို့ နာမည်ပေးထားပြီး၊ နေ့တိုင်း စားစရာ ဝယ်လာပေးတတ်တယ်။

တစ်ညတော့ မိုးသည်းသည်းထန်ထန် ရွာတယ်။ အဆောင်မှုးက အဲ့ဒီ ချစ်သူလေးအတွက် စိတ်ပူပြီး၊ မိုးရေထဲ ထွက်ရှာတော့ မိုးရေထဲမှာ ရှိနေတာကို တွေ့လိုက်ရတယ်။ ကိုယ်တို့ အဆောင်မှာက ခွေးမွေးတာကို တားမြစ်ထားတယ် .. ဒီတော့ သူက ခွေးကို ဟာပင်း မှာ ရှိတဲ့ သူ့အိမ်ကို သင်္ဘောနဲ့ ပို့လိုက်တယ်။ သက်လတ်ပိုင်းအရွယ် စွန့်ဦးတီထွင်သူ သန်းကြွယ်သူဌေးကြီးတစ်ယောက် ဖြစ်တဲ့ - ကိုယ်တို့အဆောင်မှုး အစ်မရဲ့ အဖေ - မှာ တစ်ခုတည်းသော ဝါသနာက ခွေးမွေးခြင်းပဲ။ သူ့မှာ သမီးလေးလို ချစ်တဲ့ Welsh Corgi တစ်ကောင် ရှိတယ်။ အပြင်က ကြားရတဲ့ သတင်းအရ အဲ့ဒီ Welsh Corgi က အင်္ဂလန်က ဘုရင်မကြီးရဲ့ အချစ်တော် တော်ဝင်ခွေးလေးတွေနဲ့ မျိုးရိုး အတူတူ ဆင်းသက်လာတယ် ဆိုတာလား။ ချစ်သူ အဲ့ဒီကိုလည်း ရောက်သွားရော အဲ့ဒီ Welsh Corgi ရဲ့ ဖြူစင်မှုလေးကို သုံးရက်အတွင်း သိမ်းပိုက်လိုက်တော့တယ်။ အဲ့ဒီ စွန့်ဦးတီထွင်သူဌေးကြီးမှာ အရမ်းတွေ ဒေါသထွက်ပြီး သတိလစ်လဲမလိုတောင် ဖြစ်သွားသတဲ့၊ ချစ်သူ ကိုလည်း ဆူပူတယ်။

ကိုယ် လိုချင်တာ မင်းတစ်ယောက်တည်း (complete)Where stories live. Discover now