Chapter (9.2)

3.8K 505 18
                                    

Zawgyi

-------------

Chapter 9 : အစဉ်အလာသွေဖည်သော လက်မထပ်ဘဲ အတူနေခြင်း (၂)

(၉)

မစ္စတာအက်ဖ်ကို တခြားသူတွေရဲ့ ထင်မြင်ပုံက အင်မတန်အဓိကကျတဲ့ နယ်ပယ်ငါးခုဖြစ်တဲ့ လေ့လာသင်ကြားခြင်း၊ တွေးခေါ်ခြင်း၊ အသက်မွေးဝမ်းကျောင်းအလုပ်၊ စည်းကမ်းသေဝပ်ခြင်း၊ နေထိုင်တဲ့ပုံစံ ဆိုတဲ့နေရာမှာ ထူးချွန်တဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ်ပါ။ သူ ဘယ်ကိုပဲ ရောက်နေနေ စင်းလုံးချော၊ အပြစ်အနာအဆာ ကင်းသူအဖြစ် အမြဲ အမြင်ခံရတယ်၊ ဒါပေမဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ကိုယ်တို့မှာ အပြင်ပန်း အသွင်အပြင်ကြောင့် အညာမမိအောင် အမြဲ သတိကြီးကြီး ထားနေရတယ်။ တကယ့်ကိုပဲ ဒီလူကြီးက တယူသန်၊ ခေါင်းမာ ၊ အသန့်မတရားကြိုက်ပြီး အသေးအဖွဲ ကိစ္စလေးတွေမှာတောင် စိတ်နှစ်ထားတတ်ပြီး သူ ကျေနပ်အောင် လုပ်ဖို့ အင်မတန် ခက်ပါတယ်။

သူ့စာအုပ်တွေကို ဘယ်တော့မှ သူများကို မငှားတတ်ဘူး၊ ဘာလို့လည်းဆိုတော့ သူ့ စာအုပ်ကို သေချာ ဂရုတစိုက် မလှန်တာမျိုးကို သူ မကြိုက်ဘူးလေ၊ သူ့အခန်းထဲကို ဘယ်တော့မှ သူစိမ်း အဝင်မခံဘူး၊ အိမ်ကို ကလေးပါတဲ့ ဧည့်သည်တွေ လာပြီဆိုတာနဲ့ သူ့အခန်းကို သော့ချထားတော့တာပဲ။ သူ ငယ်ငယ်တုန်းက Golden Retriever ကြီး တစ်ကောင် မွေးဖူးတယ်။ ဒါပေမဲ့ အဲ့ခွေးကို အပြင် ခေါ်လာပြီး လမ်းလျှောက်ထွက်လို့ တခြားသူတွေနဲ့ ဆုံတဲ့အခါ ခွေးကို ကိုင်ကြည့်ဖို့ သူ့ခွင့်ပြုချက် တောင်းခံလာတိုင်း အမြဲတမ်း ငြင်းဆန်တတ်တယ်၊ သူ့ခွေးကိုပဲ ဘာလို့ လာထိချင်နေကြတာလဲလို့တောင် ညည်းညူနေတတ်သေးတယ်။

ကိုယ်တို့ ကျောင်းတက်နေတုန်းက တခါ ကိုယ်တို့အတန်းက အပြင်မှာ စုပြီး ဘာဘီကျူး ထွက်စားခဲ့ကြတယ်။ ကျန်တဲ့လူတွေ အကုန်လုံးက တစ်ခါသုံး ပစ္စည်းတွေ သုံးနေကြချိန်မှာ - သူတစ်ယောက်တည်းပဲ၊ တကယ်ကြီးကို သူ့ရဲ့ .. သူ့ကိုယ်ပိုင်ဖြစ်တဲ့ ပန်းကန်ခွက်ယောက်တွေ ယူလာခဲ့တာ။ တစ်ယောက်က ကြက်တောင်ပံတွေ ကောင်းကောင်းကျက်ပြီလားလို့ ကြည့်ချင်တဲ့အခါ၊ မစ္စတာအက်ဖ်နားမှာ ထိုင်တဲ့ ကျောင်းသားတစ်ယောက်က မစ္စတာအက်ဖ်ရဲ့ တူ ကို ယူသုံးပြီး ကြက်သား တစ်ဖတ်ကို သူ့ပါးစပ်ထဲ ထည့်စားလိုက်တယ်။ အဲ့ဒီနောက်မှာတော့ မစ္စတာအက်ဖ်က အဲ့တစ်ယောက်ကို စိတ်တွေဆိုးပြီး၊ သူ့ တူကို လွင့်ပစ်လိုက်တယ်၊ နောက်ထပ်လည်း ဘာကျွေးကျွေး မစားတော့ဘူး၊ ဒီတော့ ပတ်ဝန်းကျင်မှာလည်း အနေရခက်ကုန်တာပေါ့။

ကိုယ် လိုချင်တာ မင်းတစ်ယောက်တည်း (complete)Waar verhalen tot leven komen. Ontdek het nu