Chapter (5.2)

3.9K 588 44
                                    

Zawgyi 

------------

Chapter 5: ကိုယ့်အချစ်ဆုံး သူငယ်ချင်း ဟောင်ဝူရိ (5.2)

(၇)

ကွမ်းချောင်က ကိုယ်နဲ့ အတူ ကြီးပြင်းလာရတာ ဆိုတော့ သူ့မှာ ကျား၊မ ခွဲခြားမှုတွေ သိပ် မရှိနေဘူး။ တစ်ခါတော့ မစ္စတာ အက်ဖ်၊ ဟောင်ဝူရိ၊ ကွမ်းချောင်နဲ့ ကိုယ်တို့ .. အိမ်ကို အတူ ပြန်ကြတယ်။ မစ္စတာအက်ဖ် နဲ့ ကိုယ်နဲ့က ရှေ့က၊ ကွမ်းချောင်က အလယ်က လျှောက်လာပြီး၊ ဟောင်ဝူရိကတော့ အနောက်မှာပေါ့။ ရုတ်တရက်ကြီး ဟောင်ဝူရိ ရပ်သွားပြီး ကိုယ့်ကို လှမ်းအော်ပြောတယ်။

"ဂျိုဝီ .. နင့်မှာ ဟိုဟာ ပါလား"

"ဘာကြီးလဲ"

သူက ကိုယ့်ကို နှုတ်ခမ်းလှုပ်ပြီး ပြောတယ်။

ကိုယ် နားမလည်ဘူး..

ကွမ်းချောင်က ဝင်ပြောတယ်

"လစဉ်သုံး ပစ္စည်းလေ"

"ဘာ " ကွမ်းချောင် ပြောလိုက်တာကိုလည်း ကိုယ် မကြားပြန်ဘူး။

" ဟောင်ဝူရိက မေးနေတယ်၊ နင့်မှာ လစဉ်သုံးပစ္စည်း ပါလာလားတဲ့။ သူ ဓမ္မတာလာနေလို့"

ကွမ်းချောင်ရဲ့ အသံကြီးက အကျယ်ကြီးပဲ။

ဟောင်ဝူရိ အတောင့်လိုက် ငြိမ်ကျသွားတော့တယ်။ နှစ်တစ်သောင်း ရေခဲတုံးကြီး ဖြစ်တဲ့ မစ္စတာအက်ဖ် လည်း မျက်နှာကြီးကို နီလို့...

-

(၈)

ဟောင်ဝူရိမှာ ငယ်ချစ် တစ်ယောက် ရှိတယ်။ အဲ့ဒီလူက သူ့ထက် ၄ နှစ် ပိုကြီးတယ်။ ကိုယ်တို့ အထက်တန်း တက်ချိန်မှာ အဲ့လူက တက္ကသိုလ်တောင် တက်နေပြီ။ သူတို့ မိဘတွေက အရမ်း ရင်းနှီးကြတယ်၊ တခါတလေ အချင်းချင်း ခမည်းခမက်လို့ ခေါ်နေကြတာ။ ချစ်သူက အလိုလိုက်တော့ ဟောင်ဝူရိမှာ လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်ရတဲ့ မိန်းကလေး တစ်ယောက် ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်တို့ အထက်တန်း ပထမနှစ်လည်း တက်ရော ၊ အဲ့လူက ရုတ်တရက်ကြီး လမ်းခွဲကြဖို့ တောင်းဆိုလာတယ်။

ဟောင်ဝူရိ မှာ ဝမ်းနည်းပက်လက် စိတ်ထိခိုက်ပြီး ကိုယ်အလေးချိန်တောင် တော်တော်ကျသွားတယ်။ လတစ်ဝက်လောက် စိတ်နဲ့လူနဲ့ မကပ် ဖြစ်နေပြီးနောက်မှာတော့၊ တစ်ညမှာ ကိုယ့်ကို ဖုန်းဆက်ပြီး ပြောတယ်၊ သူ့ရဲ့ အဲ့ဒီ ရည်းစားဟောင်းနဲ့ နောက်နေ့မှာ သေသေချာချာ စကားပြောကြည့်မယ်လို့ သူ ဆုံးဖြတ်ထားတယ်တဲ့။ နောက်ဆုံးကျတော့မှ ကိုယ့်ကို ကျိတ်မေးတယ်။

ကိုယ် လိုချင်တာ မင်းတစ်ယောက်တည်း (complete)Where stories live. Discover now