Chapter (2.1)

7.1K 699 26
                                    

Zawgyi

Chapter 2: ကိုယ့်ရဲ့ တစ်စားပွဲတည်းအတူထိုင်တဲ့ သူငယ်ချင်း (၁)

(၁)

ကိုယ်တို့ ကျောင်းတက်နေတုန်းက မစ္စတာအက်ဖ်က ကျောင်းမှာ ဆရာကြီးပဲ။ သူ့ ရုပ်ရည်က တီဗီ ဇာတ်လမ်းတွဲတွေထဲက ချမ်းသာပြီး၊ ဖြောင့်မတ်တဲ့နေရာမှာ သရုပ်ဆောင်ရတဲ့ မင်းသားလိုပဲ၊ သူ့ရဲ့ အမှတ်တွေကလည်း ကောင်းတယ်၊ နောက်ပြီး သူက ဆက်ဆိုဖုန်း တောင် မှုတ်တတ်သေးတယ်။ ဒါကြောင့်ပဲ သူက ကျောင်းသူလေးတွေရဲ့ စိတ်ကူးထဲက မင်းသားလေး ဖြစ်လာရတာပေါ့။

သူက မာနကြီးတဲ့ပုံပေါက်ပြီး၊ တခြားသူတွေရှေ့မှာဆို အမြဲတမ်း အေးစက်စက် ပုံစံနဲ့။ အဲ့ဒီတုန်းကတော့ ကိုယ်က သူ့ကို အေးချင်နေတဲ့ ရေခဲသေတ္တာကြီးလို့တောင် တွေးမိသေးတယ် - ကိုယ့်ရဲ့ စိတ်ကူးထဲက ချစ်သူက ချန်းဟိုနမ် လေ၊(ပုဆိန်ဂိုဏ်းရုပ်ရှင်ထဲက မင်းသားကြီး) ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ ချစ်သူမိန်းကလေး ဖြစ်လာဖို့ စိတ်ကူးတွေ ယဉ်နေခဲ့တာပေါ့ .. ဟောင်ကောင်က စင်စဆွေ လို နေရာမျိုးမှာ ပုဆိန်ကြီးတွေ ယမ်းပြီး ပြိုင်ဘက်တွေကို အနိုင်ယူ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက် စိတ်လက်ပေါ့ပါးစွာ အတူတကွ နေထိုင်သွားကြသည်ပေါ့။

ကိုယ်တို့ရဲ့ အထက်တန်းကျောင်းက ကိုယ်တို့ မြို့မှာတော့ အကောင်းဆုံးကျောင်းပဲ။ ကျောင်းရဲ့ စည်းကမ်းတွေက ထူးဆန်းနေပေမဲ့ပေါ့လေ - အတန်းထဲမှာ ထိုင်ခုံတွေကို အဆင့်အလိုက် စီထားတယ်။ ကိုယ်တို့ရဲ့ ဆရာက စည်းကမ်းတွေကို အတိအကျ လိုက်နာတယ်၊ (သူ့မှာ ကင်ဆာလိုပဲ စွဲနေတာ) နှစ်လယ် စာမေးပွဲနဲ့ နောက်ဆုံး စာမေးပွဲ တွေ ဖြေပြီးချိန်ကျရင် .. အတန်းရဲ့ အပြင်မှာ အမြဲပဲ တန်းစီ နေခဲ့ရတာ။ ဆရာက ရလဒ်အဆင့်တွေကို ဖြည်းဖြည်းချင်း စီပြီးတော့မှ နံပါတ်စဉ်အလိုက် ဘယ်ခုံ ထိုင်ရမယ့်သူကို ခေါ်တော့တာပဲ။

အဲ့ဒီ အမှတ်တရကြီးက တော်တော်ဆိုးတယ်၊ ကိုယ်ဆို အဲ့ဒီ စည်းကမ်းကြီးကို တီထွင်ထားတာ လူသားမဆန်ဘူးလို့ အမြဲတမ်းပဲ တွေးနေမိတာ။ အတန်းထဲ ပထမဆုံး ဝင်ခွင့်ရတဲ့သူက မစ္စတာအက်ဖ် ပေါ့လေ။ ဒါပေမဲ့ သူက ပထမတန်း၊ ပထမခုံမှာ ဘယ်တော့မှ မထိုင်ဘူး၊ ဘာလို့လဲဆိုတော့ သူ မကြိုက်လို့လေ။ သူက လေးတန်းမြောက်၊ ပြတင်းပေါက်နဲ့ အနီးဆုံးခုံမှာ အမြဲလိုလို ထိုင်တတ်တယ်။ -အဲ့နေရာက ရှုခင်းကောင်းတယ်၊ သူ ပဲများနေဖို့ အဆင်အပြေဆုံး နေရာပေါ့လေ။

ကိုယ် လိုချင်တာ မင်းတစ်ယောက်တည်း (complete)Tahanan ng mga kuwento. Tumuklas ngayon